Friday, September 29, 2017

မြောက်ကိုရီးယား ကုမ္ပဏီလုပ်ငန်းတွေ ပိတ်ဖို့ တရုတ် အစိုးရက အမိန့်ထုတ်



နိုင်ငံတကာ၊ စက်တင်ဘာ ၂၈၊ ၂၀၁၇







Unicode
မြောက်ကိုရီးယား လုပ်ငန်းတွေ ပိတ်ဖို့ တရုတ် အစိုးရက အမိန့်ထုတ်

တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်နေကြတဲ့ မြောက်ကိုရီးယား ကုမ္ပဏီတွေကို ဇန်နဝါရီလ မှာ အပြီး ပိတ်သိမ်းဖို့ တရုတ် အစိုးရက အမိန့်ပေးလိုက်ပါတယ်။

ဒါက ကုလသမဂ္ဂ က ချမှတ် ထားတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ် ရေးကို တရုတ် ဘက်က လိုက်နာ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

တရုတ် ကုမ္ပဏီတွေ မြောက်ကိုရီးယားနဲ့ ဖက်စပ်လုပ်နေတာကိုလည်း ရပ်ခိုင်းမယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဘက် ဖြစ်လို့ ဒီပိတ်ဆို့မှုတွေကြောင့် မြောက်ကိုရီးယား စီးပွားရေး ပိုဆိုးလာနိုင်ပါတယ်။

အခုလို တရုတ် နိုင်ငံ ဘက် က အရေးယူမှု ဟာ မြောက်ကိုရီးယား နိုင်ငံ အပေါ် နိုင်ငံပေါင်းစုံကနေ ခြောက်ကြိမ် မြောက် ပိတ်ဆို့ အရေး ယူမှု ဖြစ်လာပါပြီ။

စက်တင်ဘာလ ၁၁ ရက်နေ့ က ကျင်းပ ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်ဖို့ နိုင်ငံအားလုံး က တညီတညွှတ်ထဲ သဘောတူညီ ခဲ့ကြတာ ဖြစ်ပါတယ်။

This article first appeared in ဘီဘီစီမြန်မာပိုင်း news on Friday, September 29, 2017 of ဘီဘီစီမြန်မာပိုင်း Website.
We acknowledged © of ဘီဘီစီမြန်မာပိုင်း and thus full credit given to ဘီဘီစီမြန်မာပိုင်း.

We are non-profits volunteers and we only retrieved this news to support all communities in Myanmar who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: http://www.bbc.com/burmese/world-41431008?ocid=socialflow_facebook

Retrieved Date: Friday, September 29, 2017

Thursday, September 28, 2017

တရုတ်ပြည်မှာရှိတဲ့ မြောက်ကိုရီးယား ကုမ္ပဏီတွေ ၄-လအတွင်း ပိတ်ရန် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထား




တရုတ်ပြည်ထဲမှာရှိကြတဲ့ မြောက်ကိုရီးယား ကုမ္ပဏီတွေ ဖက်စပ်လုပ်ငန်းတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ် ပိတ်ဆို့မှုတွေချလိုက်တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ရက်ပေါင်း ၁၂၀ အတွင်းပိတ်ဖို့ ညွှန်ကြားထားပြီလို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားကြောင်းသတင်းရရှိပါတယ်။

နိုင်ငံရပ်ခြားမှာရှိတဲ့ တရုတ်- မြောက်ကိုရီးယား ဖက်စပ်လုပ်ငန်းတွေကိုလည်း အလားတူပိတ်မယ်လို့ လည်း ဆိုပါတယ်။

မြောက်ကိုရီးယားက နျူးကလီးယား လက်နက်သယ်ဆောင်နိုင်တဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုတွေ အခါခါလုပ်ခဲ့တဲ့အတွက်ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချလိုက်တာ ဖြစ်ပါတယ်။


This article first appeared on RFA Burmese news on Thursday, September 28, 2017 of RFA Burmese Facebook.

We acknowledged © of RFA Burmese news and thus full credit given to RFA Burmese news.

We are non-profits volunteers and we only retrieved this news to support all Burmese communities who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: https://www.facebook.com/rfaburmese/


Retrieved Date: Thursday, September 28, 2017

Friday, September 22, 2017

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု ထပ်လုပ်ရန် စဉ်းစားနေဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပြော




အရင်က တခါမှမကြုံဘူးတဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုမျိုး ထပ်လုပ်ဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ဂျပန် အန်အိတ်ခ်ျကေရုပ်သံက စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။


နယူးယော့ခ်မှာ ကုလသမဂ္ဂညီလာခံ တက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ကျနော့်အမြင်ပြောရရင်တော့ အရင်က တခါမှမရှိခဲ့ဘူးတဲ့ အရည်အသွေးမျိုးနဲ့ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှု ထပ်လုပ်သင့်ပါတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားတာပါ။
ပြုံယမ်းမှာရှိတဲ့ မြောက်ကိုရီးယားအစိုးရကလည်း ကုလသမဂ္ဂ ညီလာခံမှာ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ သမ္မတထရမ့်ရဲ့ ပြောကြားချက်တွေကို ခွေးဟောင်သံအဖြစ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။


Photo: ရိုက်တာ

News Credit: ဒီဗွီဘီ

Monday, September 18, 2017

အင်ဒိုနီးရှားက အိုင်အက်စ်နဲ့ဆက်စပ်တဲ့ အစ္စလာမ္မစ်ကျောင်းတစ်ကျောင်းကို ပိတ်ဖို့ တောင်းဆို




နိုင်ငံတကာ၊ စက်တင်ဘာ ၁၈၊ ၂၀၁၇

အင်ဒိုနီးရှားက အိုင်အက်စ်နဲ့ဆက်စပ်တဲ့ အစ္စလာမ္မစ်ကျောင်းတစ်ကျောင်းကို ပိတ်ဖို့ တောင်းဆို ခဲ့ကြောင်း RFA Burmese Facebook စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားပါတယ်။

ဖေါ်ပြချက် အပြည့်အစုံမှာ-
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျဗားမှာရှိတဲ့ အစ္စလာမ္မစ်ကျောင်းတစ်ကျောင်းက ကျောင်းသားတွေဟာ အိုင်အက်စ်- အစ္စလာမ္မစ်နိုင်ငံအဖွဲနဲ့ ဆက်စပ်တယ်ဆိုပြီး ကျောင်းအနီးနားက ရွာသားတွေက ကျောင်းပိတ်ပစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီကျောင်းက အနည်းဆုံး ၀န်ထမ်း ရှစ်ယောက်နဲ့ ကျောင်းသား လေးယောက်ဟာ ၂၀၁၃ ကနေ ၂၀၁၆ အတွင်း ဆီးရီးယားနိုင်ငံကိုသွားပြီး ဂျီဟတ်အုပ်စုနဲ့ ပူးပေါင်းတယ်လို့ ဆိုပါတယ်။

တောင်းဆိုတဲ့အတိုင်း ကျောင်းပိတ်မပစ်ဘူးဆိုရင် အနီးနား ခရိုင် ငါးခုကဒေသခံတွေက အကြီးအကျယ်ဆန္ဒပြနိုင်တယ်လို့ ဒေသန္တရဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပြီးတဲ့နောက် ကျောင်းမှာ လူမရှိတော့ဘဲ ဖြစ်သွားပါတယ်။ ဒီ အစ္စလာမ္မစ်ကျောင်းဟာ IS ဒါမှ မဟုတ်တခြား ဘယ်စစ်သွေးကြွအုပ်စုကိုမှ မထောက်ခံပါဘူးလို့ ကျောင်းက ပြောပါတယ်။ ဒါတင်မက အကြမ်းဖက်ဖို့ ဒါမှမဟုတ် အစ္စလာမ်ဘာသာကို အစွန်းရောက်တဲ့ သဘောဆောင်အောင် မလုပ်ပါဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့ ကျောင်းသား အယောက် ၂၅၀ လောက်ကို အိမ်ပြန်ခေါ်ဖို့ မိဘတွေကို ဆင့်ခေါ်ပါလို့ ရဲတပ်ဖွဲ့က ကျောင်းကိုသတိပေးပါတယ်။

News credit to: RFA Burmese
Reference Link: https://www.facebook.com/rfaburmese/posts/10156655143003128

Retrieved Date: 18/09/17

ကူဝိတ်သံအမတ်ကို တစ်လအတွင်း ထွက်ခွာသွားဖို့ မြောက်ကိုရီးယား အမိန့်ထုတ်



နိုင်ငံတကာ၊ စက်တင်ဘာ ၁၈၊ ၂၀၁၇

ကူဝိတ်သံအမတ်ကို တစ်လအတွင်း ထွက်ခွာသွားဖို့ မြောက်ကိုရီးယား အမိန့်ထုတ် ခဲ့ကြောင်း RFA Burmese Facebook စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားပါတယ်။

ဖေါ်ပြချက် အပြည့်အစုံမှာ-
သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်တဲ့အတွက် ကူဝိတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကို တစ်လအတွင်းထွက်ခွာသွားဖို့ အမိန့်ထုတ်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ဒီလထဲ ခြောက်ကြိမ်မြောက်နဲ့ ဖောက်ခွဲအားအကြီးမားဆုံး နျူးကလီးယား စမ်းသပ်တဲ့နောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုအသစ်ချမှတ်ပြီး၊ မြောက်ကိုရီးယားနဲ့ သံတမန်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးတွေ တင်းကျပ်လိုက်ဖို့ နိုင်ငံအစိုးရတွေကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။

ကူဝိတ်က ဆုံးဖြတ်လိုက်တဲ့အတိုင်း မြောက်ကိုရီးယား သံအမတ် So Chang Sik ဟာ နေရင်းတိုင်းပြည်ပြန်မယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တစ်ယောက်က ပြောပါတယ်။ တကယ်တော့ သူဟာ တာဝန်ပြီးဆုံးလို့ စက်တင်ဘာလကုန်မှာ ပြန်ဖို့စီစဉ်ထားတာပါ။ ကူဝိတ်နိုင်ငံမှာ မြောက်ကိုရီးယား ၃၀၀၀ လောက်နေထိုင်နေပြီး အမေရိကန် သမ္မတ Trump နဲ့ ကူဝိတ် ခေါင်းဆောင်တို့ ၀ါရှင်တန်ဒီစီမှာ ဒီလအစောပိုင်းမှာ တွေ့ဆုံပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချတဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။

News credit to: RFA Burmese
Reference Link: https://www.facebook.com/rfaburmese/posts/10156655122053128

Retrieved Date: 18/09/17

မြန်မာနိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း မလေးရဲတပ်ဖွဲ့ ပြော




နိုင်ငံတကာ၊ စက်တင်ဘာ ၁၈၊ ၂၀၁၇

မြန်မာနိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ လုပ်လာနိုင်ကြောင်း မလေးရဲတပ်ဖွဲ့ ပြော ခဲ့ကြောင်း RFA Burmese Facebook စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားပါတယ်။

ဖေါ်ပြချက် အပြည့်အစုံမှာ- 
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံသားတချို့ စစ်သွေးကြွအဖွဲ့တချို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတွင်းမှာ ဂျီဟတ် တိုက်ခိုက်မှုတွေ လုပ်လာနိုင်ခြေရှိနေတယ်လို့ မလေးရှား ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုကြောင်း မလေးရှား Bernama သတင်းက ဖေါ်ပြပါတယ်။

တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး အထူးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး အယွတ်ခန် မိုင်ဒင်ပီချေးက ပြောကြားခဲ့တာပါ။ မလေးရှားမှာရှိတဲ့ Daesh စစ်သွေးကြွအဖွဲ့က ရိုဟင်ဂျာ ပြဿနာကို လက်နက်သဖွယ် အသုံးချပြီး တပ်သားသစ်တွေ စုဆောင်းနေကြောင်း၊ လူမှုကွန်ရက်တွေမှာ ဖေါ်ပြနေကြတဲ့ ရိုဟင်ဂျာသတင်းတွေ၊ဓါတ်ပုံတွေကြောင့် Daesh စစ်သွေးကြွအဖွဲ့အတွက် လူသစ်တွေ စုဆောင်းရရှိနေကြောင်း၊ အလားတူ အင်ဒိုနီးရှားမှာလည်း အကြမ်းဖက်အဖွဲ့တွေက ရိုဟင်ဂျာ ကိစ္စအသုံးချပြီး လူသစ်တွေစုဆောင်းနေကြောင်း ပြောကြားခဲ့ပါတယ်။

မလေးရှားမှာ ကျင်းပခဲ့တဲ့ လူငယ်တွေနဲ့ ISIS အန္တရာယ်အရေး ဆွေးနွေးပွဲအပြီးမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။

ဒီအတွင်း အီရန်နဲ့ ပါကစ္စတန် စစ်တပ်အကြီးအကဲတွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အကြမ်းဖက်ခံနေရတဲ့အပေါ် အရေးယူဆောင်ရွက်ကြဖို့ မွတ်စလင်ကမ္ဘာကို တိုက်တွန်းလိုက်ကြောင်း Iran Daily သတင်းက ဖေါ်ပြပါတယ်။ ဒုက္ခသည်တွေအတွက် အကူအညီတွေ မလုံလောက်တဲ့အတွက် တိုးမြှင့်ကူညီဖို့လည်း ပြောဆိုခဲ့ကြပါတယ်။

ဒီအတွင်း ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီကလည်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒုက္ခသည်တွေကို ပြန်လာခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အသံတိတ်မနေဖို့ သတင်းမီဒီယာတစ်ခုကို ပြောဆိုခဲ့ပါတယ်။
News credit to RFA Burmese 
Reference Link: https://www.facebook.com/rfaburmese/posts/10156655213443128

Retrieved Date: 18/09/17

Saturday, September 16, 2017

ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းဆီးခံရတဲ့ သတင်းထောက်များအရေး သတင်းမီဒီယာ အဖွဲ့အစည်းများ ရှုတ်ချ




ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက် သတင်းရယူရင်း သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးကို အမြန်ဆုံး လွတ်ပေးဖို့ သတင်းမီဒီယာသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်တာပါ။

ဗီဇာကိစ္စကြောင့် ဖမ်းဆီးထားတယ်ဆိုပေမဲ့ သတင်းသမားတွေကို ဖမ်းဆီးတရားစွဲဆိုမှုဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ရာရောက်ပြီး ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေဖြစ်တဲ့အတွက် ရှုတ်ချကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဓာတ်ပုံ သတင်းထောက် ၂ ဦး လွတ်မြောက်ရေးအတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်းကတော့ သတင်းသမားတွေ ဖမ်းဆီးခံရမှုအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ သူတို့တွေကို ဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ အမြန်ဆုံး ပြန်လွတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကတော့ ဒီဖြစ်စဉ်ကို စိုးရိမ်ပူပန်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသလို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတို့ကိုလည်း သတင်းထောက် ၂ ဦးလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

ဂျာမန်သတင်းဌာန GEO အတွက် အလုပ်လုပ်ပေးနေတဲ့ မြန်မာ ဓာတ်ပုံ သတင်းထောက် ၂ ဦးဟာ အလည်အပတ်ဗီဇာနဲ့ လာရောက်သတင်းရယူခဲ့ပြီး သူလျှိုလုပ်တယ်ဆိုကာ ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။

News Credit to: BBC ဘီဘီစီမြန်မာပိုင်း
Reference Link: https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/1525022924220254/?type=3&theater

ဓာတ်ပုံ- GEO

လန်ဒန်ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ ၁၈ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးရမိ


 

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆၊ ၂၀၁၇


လန်ဒန်ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ ၁၈ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်း Facebook စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားပါတယ်။

ဖေါ်ပြချက် အပြည့်အစုံမှာ-
လန်ဒန်ဗုံခွဲမှုမှာ အကြမ်းဖက်အဖြစ် သံသယရှိခြင်းခံရသူ ၁၈ အရွက်အမျိုးသား တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

အင်္ဂလန်အရှေ့ပိုင်းက ဒိုဗာမြို့မှာ ကင့်ဒေသ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိမှု ရှိနေပေမဲ့ အကြမ်းဖက်မှုအတွက် ခြိမ်းခြောက်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်တဲ့ နေလ်းဘာဆူက ပြောပါတယ်။

ရထားပေါ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၃၀ လောက်ဟာ ဒဏ်ရာရခဲ့ပါတယ်။

လူအများစုဟာ အသေးစားဒဏ်ရာတွေဖြစ်တဲ့အတွက် ဆေးရုံကနေဆင်းလာခဲ့ပြီဖြစ်ပြီး ၃ ဦးသာ ဆေးရုံမှာ ဆက်လက်ကျန်ရှိနေပါတယ်။
ဒီတိုက်ခိုက်မှုဟာ အိုင်အက်စ် အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်က ထုတ်ပြန်ထားပါတယ်။

စုံစမ်းစစ်ဆေးဆဲဖြစ်တဲ့အတွက် အသေးစိပ်ကိုတော့ ရဲတပ်ဖွဲ့က ပြောမပြနိုင်သေးဘူးလို့ ဆိုထားပါတယ်။

News Credit to: BBC ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ- PA

Reference Link: https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/1525111317544748/?type=3&theater

နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး

နိုင်းပရဆစ် ဆိုသူ ထိုင်းအမျိုးသား နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသား တဦး ထိုင်း နိုင်ငံ...