နိုင်ငံတကာ၊ စက်တင်ဘာ
၁၈၊ ၂၀၁၇
အင်ဒိုနီးရှားက
အိုင်အက်စ်နဲ့ဆက်စပ်တဲ့ အစ္စလာမ္မစ်ကျောင်းတစ်ကျောင်းကို ပိတ်ဖို့ တောင်းဆို ခဲ့ကြောင်း
RFA Burmese Facebook
စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားပါတယ်။
ဖေါ်ပြချက် အပြည့်အစုံမှာ-
အင်ဒိုနီးရှားနိုင်ငံ
အနောက်ဂျဗားမှာရှိတဲ့ အစ္စလာမ္မစ်ကျောင်းတစ်ကျောင်းက ကျောင်းသားတွေဟာ အိုင်အက်စ်- အစ္စလာမ္မစ်နိုင်ငံအဖွဲနဲ့
ဆက်စပ်တယ်ဆိုပြီး ကျောင်းအနီးနားက ရွာသားတွေက ကျောင်းပိတ်ပစ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီကျောင်းက
အနည်းဆုံး ၀န်ထမ်း ရှစ်ယောက်နဲ့ ကျောင်းသား လေးယောက်ဟာ ၂၀၁၃ ကနေ ၂၀၁၆ အတွင်း ဆီးရီးယားနိုင်ငံကိုသွားပြီး
ဂျီဟတ်အုပ်စုနဲ့ ပူးပေါင်းတယ်လို့ ဆိုပါတယ်။
တောင်းဆိုတဲ့အတိုင်း
ကျောင်းပိတ်မပစ်ဘူးဆိုရင် အနီးနား ခရိုင် ငါးခုကဒေသခံတွေက အကြီးအကျယ်ဆန္ဒပြနိုင်တယ်လို့
ဒေသန္တရဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပြီးတဲ့နောက် ကျောင်းမှာ လူမရှိတော့ဘဲ ဖြစ်သွားပါတယ်။
ဒီ အစ္စလာမ္မစ်ကျောင်းဟာ IS
ဒါမှ မဟုတ်တခြား ဘယ်စစ်သွေးကြွအုပ်စုကိုမှ မထောက်ခံပါဘူးလို့ ကျောင်းက
ပြောပါတယ်။ ဒါတင်မက အကြမ်းဖက်ဖို့ ဒါမှမဟုတ် အစ္စလာမ်ဘာသာကို အစွန်းရောက်တဲ့ သဘောဆောင်အောင်
မလုပ်ပါဘူးလို့လည်း ပြောပါတယ်။
ဒါပေမဲ့
ကျောင်းသား အယောက် ၂၅၀ လောက်ကို အိမ်ပြန်ခေါ်ဖို့ မိဘတွေကို ဆင့်ခေါ်ပါလို့ ရဲတပ်ဖွဲ့က
ကျောင်းကိုသတိပေးပါတယ်။
News credit to: RFA Burmese
Reference Link: https://www.facebook.com/rfaburmese/posts/10156655143003128
Retrieved Date: 18/09/17
No comments:
Post a Comment