ႏိုင္းပရဆစ္ဆုိသူ
ထုိင္းအမ်ိဳးသား
နာမည္ႀကီးေနတဲ့
မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသားတဦး
ထုိင္းနဳိင္ငံ၊
ၾသဂုတ္လ ၆၊ ၂၀၁၈
ဇနီး
အေယာက္ ၁၂၀ ရွိၿပီး သားသမီး ၂၈ ဦးရွိတဲ့ ထိုင္းအမ်ိဳးသားတေယာက္အေၾကာင္း
ခုရက္ပိုင္းေတြအတြင္း ထိုင္းသတင္းမီဒီယာနဲ႔ လူမႈကြန္ရက္ေတြမွာ နာမည္ႀကီးေနေၾကာင္းသိရွိရပါတယ္။
ထိုင္းႏိုင္ငံအလယ္ပိုင္း
နခြန္းနာယုဒ္ခ႐ိုင္ နခြန္းနာယုဒ္ၿမိဳ႕ ဖ႐ုမ္းမနီးရပ္ကြက္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး
ႏိုင္းပရဆစ္ ေဆေစြ (အသက္ ၅၈) ႏွစ္ဆိုသူမွာ ဇနီးအေယာက္တရာေက်ာ္ရွိေၾကာင္း သတင္းေတြ
ထြက္ေပၚေနတဲ့အတြက္ အမွန္တကယ္ဟုတ္မဟုတ္ AMARIN TV သတင္းေထာက္က
နယ္ေျမထဲကြင္းဆင္း သတင္းေထာက္လွမ္းခဲ့ရာမွာ ကာယကံရွင္ကိုယ္တိုင္က ဟုတ္မွန္ေၾကာင္း
ဝန္ခံခဲ့တယ္လုိ့လည္း ဆုိပါတယ္။
ႏိုင္းပရဆစ္ဆုိသူ
ထုိင္းအမ်ိဳးသားတဦးက သူဟာ အမ်ိဳးသမီး ၁၂၀ ဦးနဲ႔ အိမ္ေထာင္က်ခဲ့ဖူးေၾကာင္း၊
ဒါေပမယ့္ အဲဒီအမ်ိဳးသမီးေတြကို တၿပိဳင္တည္းယူထားတာမဟုတ္ဘဲ တေယာက္ၿပီးမွ တေယာက္ယူကာ
လက္ရွိ အသက္ ၂၇ ႏွစ္႐ြယ္ ဇနီးသည္တဦးသာရွိေၾကာင္း သူက သတင္းေထာက္ေတြကို ေျပာပါတယ္။
အခုလို
ျမာစြံရတဲ့ လွ်ိဳ႕ဝွက္ခ်က္နဲ႔ အိမ္ေထာင္ဆက္မ်ားရတဲ့ အေၾကာင္းကို ေမးျမန္းရာမွာ
ႏိုင္းပရဆစ္က သူဟာ အသက္ ၁၇ ႏွစ္မွာ သူ႔ထက္ ၂ ႏွစ္ငယ္တဲ့ မိန္းကေလးနဲ႔
စတင္အိမ္ေထာင္က်ၿပီး သားသမီး ၃ ေယာက္ ရွိခဲ့ေၾကာင္း၊ သူယူတဲ့အမ်ိဳးသမီးတိုင္းဟာ
သူ႔ထက္ငယ္သူေတြ၊ သူ႔စကားနားေထာင္သူေတြသာ ျဖစ္ၿပီး သူ႔ထက္ႀကီးတဲ့ မိန္းမေတြကိုေတာ့
အျငင္းသန္လို႔ မႀကိဳက္ဘူးလို႔ ဆိုပါတယ္။
သူဟာ
အမ်ိဳးသမီးေတြေပၚ နားလည္စာနာမႈ၊ အမ်ိဳးသမီးသိကၡာကို ေလးစားမႈ၊ တာဝန္ယူ
ေထာက္ပံ့မႈေတြရွိေၾကာင္း၊ သူ႔ရဲ႕ အဓိကအလုပ္ဟာ ေဆာက္လုပ္ေရးပစၥည္း ေရာင္းဝယ္ေရးနဲ႔
ေဆာက္လုပ္ေရး ကန္ထ႐ိုက္တာတဦးလည္း ျဖစ္တာေၾကာင့္ ထိုင္းႏိုင္ငံအႏွံ႔ကို
ေရာက္ခဲ့ရၿပီး ေရာက္တဲ့ေနရာတိုင္းလိုလိုမွာ အိမ္ေထာင္က်ခဲ့ကာ သူေနတဲ့
နခြန္းနားယုဒ္ခ႐ိုင္ တခုတည္းမွာတင္ ဇနီး ၂၂ ဦးရွိၿပီး တျခား ထိုင္းႏိုင္ငံေျမာက္ပိုင္း၊
အေရွ႕ပိုင္း၊ အေနာက္ပိုင္း အားလုံးလိုလိုမွာလည္း ဇနီးေတြရွိေၾကာင္း၊ မရွိတာေတာ့
ေတာင္ပိုင္းတခုပဲ က်န္ေတာ့တယ္လို႔ ႏိုင္းပရဆစ္က ေျပာပါတယ္။
သူနဲ႔ခ်စ္ႀကိဳက္ခဲ့တဲ့
မိန္းကေလးတိုင္းကို သူက လူႀကီးစုံရာနဲ႔ သိကၡာရွိရွိ ေတာင္းရမ္းလက္ထပ္ခဲ့ၿပီး
အိုးအိမ္ထူေထာင္ေပးခဲ့ေၾကာင္း၊ သားသမီးေတြကိုလည္း ဝတၱရားမပ်က္
ေကြၽးေမြးေထာက္ပံ့ေနရာမွာ အႀကီးဆုံးသားက အသက္ ၄၀ ႏွစ္အ႐ြယ္
ေဆးတကၠသိုလ္ေက်ာင္းသားတဦးျဖစ္ၿပီး အသက္အငယ္ဆုံးက လက္ရွိဇနီးနဲ႔ရတဲ့ ၃ ႏွစ္အ႐ြယ္
သမီးေလးျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္
သူဟာ အဲဒီအမ်ိဳးသမီးေတြနဲ႔ တၿပိဳင္တည္းယူတာမဟုတ္ဘဲ တေယာက္ၿပီးမွ
တေယာက္ယူတာျဖစ္ေၾကာင္း၊ ဇနီးခ်င္း ဝန္တိုၿပီး ရန္ျဖစ္တာေတြ ရွိခဲ့ဖူးေပမယ့္
သူေျပာလိုက္ရင္ ၿငိမ္သြားၾကေၾကာင္း၊ သူ႔မွာ အသစ္ေတြ႕ေနၿပီဆိုရင္ ဇနီးေဟာင္းနဲ႔
ေၾကလည္ေအာင္ေဆြးေႏြးကာ အမ်ိဳးသမီးေတြကလည္း သေဘာတူၾကေၾကာင္း၊ တခ်ိဳ႕အမ်ိဳးသမီးေတြလည္း
ေနာက္အိမ္ေထာင္ အသီးသီးရွိကုန္ၿပီလို႔ ႏိုင္းပရဆစ္က ေျပာပါတယ္။
သူဟာ
အဲဒီအမ်ိဳးသမီးေတြကို တကယ္ခ်စ္ျမတ္ႏိုးခဲ့တာေၾကာင့္ တခါက သူ႔မွာ
စီးပြားေရးက်ဆင္းၿပီး လဲၿပိဳမလိုျဖစ္စဥ္ ဇနီးေဟာင္းေတြက ျပန္ၿပီး
ဝိုင္းဝန္းေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။
သူ႔အေနနဲ႔
ဇနီးေဟာင္းေတြရဲ႕ နာမည္နဲ႔ ဂုဏ္သိကၡာကို ငဲ့ညႇာၿပီး ဒီကိစၥ ဟိုးေလးတေၾကာ္
မျဖစ္ေစလိုေၾကာင္း၊ သူတို႔ အိမ္ေထာင္ေရးေတြလည္း ထိခိုက္မွာ စိုးရိမ္ေၾကာင္း၊
ဒါေပမယ့္ သူကမွ မရွင္းျပရင္ ေကာလာဟလ မမွန္ကန္မႈေတြပါ ပါလာမွာစိုးလို႔
သတင္းေထာက္ေတြကို ခုလိုေျဖၾကားရတာလို႔ ဆိုပါတယ္။
ခင္ပြန္းသည္
ႏိုင္းပရဆစ္မွာ ေနာက္တေယာက္ထပ္ေတြ႕ရင္ ဘယ္လိုလုပ္မလဲလို႔ လက္ရွိ ဇနီးျဖစ္သူ
နမ့္ဖြန္ကို သတင္းေထာက္က ေမးျမန္းရာမွာ သူမက သူ႔ခင္ပြန္း စိတ္ခ်မ္းသာဖို႔သာ
အဓိကျဖစ္တယ္လို႔ ေျဖၾကားသြားပါတယ္။
ႏိုင္းပရဆစ္ဟာ
ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ ရက္ေန႔က သူ႔ရဲ႕ ၅၈ ႏွစ္ျပည့္ ေမြးေန႔အခမ္းအနားကို
က်င္းပခဲ့ၿပီး ဇနီးေဟာင္းနဲ႔ သားသမီးေတြပါ လူစုံတက္စုံ တက္ေရာက္ခဲ့ၾကပါတယ္။
ႏိုင္းပရဆစ္အေၾကာင္းကုိ
ယေန့ မီဒီယာမ်ားက အျပဳိင္အဆုိင္ ခရစ္ဒစ္မ်ားေပးလွ်က္ ေဖၚျပေနၾကတာကုိလည္းေတြ့ရွိရပါတယ္။
ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: ဒီဗြီဘီ၊ Lwin Pyin
Retrieved
date: 06/08/2018
Unicode
နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး
ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး
ထိုင်းနိုင်ငံ၊ သြဂုတ်လ ၆၊ ၂၀၁၈
ဇနီး အယောက် ၁၂၀ ရှိပြီး သားသမီး ၂၈
ဦးရှိတဲ့ ထိုင်းအမျိုးသားတယောက်အကြောင်း ခုရက်ပိုင်းတွေအတွင်း ထိုင်းသတင်းမီဒီယာနဲ့
လူမှုကွန်ရက်တွေမှာ နာမည်ကြီးနေကြောင်းသိရှိရပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းနာယုဒ်ခရိုင်
နခွန်းနာယုဒ်မြို့ ဖရုမ်းမနီးရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်းပရဆစ် ဆေစွေ
(အသက် ၅၈) နှစ်ဆိုသူမှာ ဇနီးအယောက်တရာကျော်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်
အမှန်တကယ်ဟုတ်မဟုတ် AMARIN
TV သတင်းထောက်က နယ်မြေထဲကွင်းဆင်း သတင်းထောက်လှမ်းခဲ့ရာမှာ ကာယကံရှင်ကိုယ်တိုင်က
ဟုတ်မှန်ကြောင်း ဝန်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်းပရဆစ်ဆိုသူ ထိုင်းအမျိုးသားတဦးက
သူဟာ အမျိုးသမီး ၁၂၀ ဦးနဲ့ အိမ်ထောင်ကျခဲ့ဖူးကြောင်း၊ ဒါပေမယ့် အဲဒီအမျိုးသမီးတွေကို
တပြိုင်တည်းယူထားတာမဟုတ်ဘဲ တယောက်ပြီးမှ တယောက်ယူကာ လက်ရှိ အသက် ၂၇ နှစ်ရွယ် ဇနီးသည်တဦးသာရှိကြောင်း
သူက သတင်းထောက်တွေကို ပြောပါတယ်။
အခုလို မြာစွံရတဲ့ လျှို့ဝှက်ချက်နဲ့
အိမ်ထောင်ဆက်များရတဲ့ အကြောင်းကို မေးမြန်းရာမှာ နိုင်းပရဆစ်က သူဟာ အသက် ၁၇ နှစ်မှာ
သူ့ထက် ၂ နှစ်ငယ်တဲ့ မိန်းကလေးနဲ့ စတင်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက် ရှိခဲ့ကြောင်း၊
သူယူတဲ့အမျိုးသမီးတိုင်းဟာ သူ့ထက်ငယ်သူတွေ၊ သူ့စကားနားထောင်သူတွေသာ ဖြစ်ပြီး သူ့ထက်ကြီးတဲ့
မိန်းမတွေကိုတော့ အငြင်းသန်လို့ မကြိုက်ဘူးလို့ ဆိုပါတယ်။
သူဟာ အမျိုးသမီးတွေပေါ် နားလည်စာနာမှု၊
အမျိုးသမီးသိက္ခာကို လေးစားမှု၊ တာဝန်ယူ ထောက်ပံ့မှုတွေရှိကြောင်း၊ သူ့ရဲ့ အဓိကအလုပ်ဟာ
ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတဦးလည်း ဖြစ်တာကြောင့်
ထိုင်းနိုင်ငံအနှံ့ကို ရောက်ခဲ့ရပြီး ရောက်တဲ့နေရာတိုင်းလိုလိုမှာ အိမ်ထောင်ကျခဲ့ကာ
သူနေတဲ့ နခွန်းနားယုဒ်ခရိုင် တခုတည်းမှာတင် ဇနီး ၂၂ ဦးရှိပြီး တခြား ထိုင်းနိုင်ငံမြောက်ပိုင်း၊
အရှေ့ပိုင်း၊ အနောက်ပိုင်း အားလုံးလိုလိုမှာလည်း ဇနီးတွေရှိကြောင်း၊ မရှိတာတော့ တောင်ပိုင်းတခုပဲ
ကျန်တော့တယ်လို့ နိုင်းပရဆစ်က ပြောပါတယ်။
သူနဲ့ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေးတိုင်းကို
သူက လူကြီးစုံရာနဲ့ သိက္ခာရှိရှိ တောင်းရမ်းလက်ထပ်ခဲ့ပြီး အိုးအိမ်ထူထောင်ပေးခဲ့ကြောင်း၊
သားသမီးတွေကိုလည်း ဝတ္တရားမပျက် ကျွေးမွေးထောက်ပံ့နေရာမှာ အကြီးဆုံးသားက အသက် ၄၀ နှစ်အရွယ်
ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး အသက်အငယ်ဆုံးက လက်ရှိဇနီးနဲ့ရတဲ့ ၃ နှစ်အရွယ် သမီးလေးဖြစ်တယ်လို့
ဆိုပါတယ်။
ဒါပေမယ့် သူဟာ အဲဒီအမျိုးသမီးတွေနဲ့
တပြိုင်တည်းယူတာမဟုတ်ဘဲ တယောက်ပြီးမှ တယောက်ယူတာဖြစ်ကြောင်း၊ ဇနီးချင်း ဝန်တိုပြီး
ရန်ဖြစ်တာတွေ ရှိခဲ့ဖူးပေမယ့် သူပြောလိုက်ရင် ငြိမ်သွားကြကြောင်း၊ သူ့မှာ အသစ်တွေ့နေပြီဆိုရင်
ဇနီးဟောင်းနဲ့ ကြေလည်အောင်ဆွေးနွေးကာ အမျိုးသမီးတွေကလည်း သဘောတူကြကြောင်း၊ တချို့အမျိုးသမီးတွေလည်း
နောက်အိမ်ထောင် အသီးသီးရှိကုန်ပြီလို့ နိုင်းပရဆစ်က ပြောပါတယ်။
သူဟာ အဲဒီအမျိုးသမီးတွေကို တကယ်ချစ်မြတ်နိုးခဲ့တာကြောင့်
တခါက သူ့မှာ စီးပွားရေးကျဆင်းပြီး လဲပြိုမလိုဖြစ်စဉ် ဇနီးဟောင်းတွေက ပြန်ပြီး ဝိုင်းဝန်းထောက်ပံ့ပေးခဲ့တယ်လို့
ဆိုပါတယ်။
သူ့အနေနဲ့ ဇနီးဟောင်းတွေရဲ့ နာမည်နဲ့
ဂုဏ်သိက္ခာကို ငဲ့ညှာပြီး ဒီကိစ္စ ဟိုးလေးတကြော် မဖြစ်စေလိုကြောင်း၊ သူတို့ အိမ်ထောင်ရေးတွေလည်း
ထိခိုက်မှာ စိုးရိမ်ကြောင်း၊ ဒါပေမယ့် သူကမှ မရှင်းပြရင် ကောလာဟလ မမှန်ကန်မှုတွေပါ
ပါလာမှာစိုးလို့ သတင်းထောက်တွေကို ခုလိုဖြေကြားရတာလို့ ဆိုပါတယ်။
ခင်ပွန်းသည် နိုင်းပရဆစ်မှာ နောက်တယောက်ထပ်တွေ့ရင်
ဘယ်လိုလုပ်မလဲလို့ လက်ရှိ ဇနီးဖြစ်သူ နမ့်ဖွန်ကို သတင်းထောက်က မေးမြန်းရာမှာ သူမက သူ့ခင်ပွန်း
စိတ်ချမ်းသာဖို့သာ အဓိကဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။
နိုင်းပရဆစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ
၅ ရက်နေ့က သူ့ရဲ့ ၅၈ နှစ်ပြည့် မွေးနေ့အခမ်းအနားကို ကျင်းပခဲ့ပြီး ဇနီးဟောင်းနဲ့ သားသမီးတွေပါ
လူစုံတက်စုံ တက်ရောက်ခဲ့ကြပါတယ်။
နိုင်းပရဆစ်အကြောင်းကို ယနေ့ မီဒီယာများက
အပြိုင်အဆိုင် ခရစ်ဒစ်များပေးလျှက် ဖေါ်ပြနေကြတာကိုလည်းတွေ့ရှိရပါတယ်။
လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: ဒီဗွီဘီ၊ Lwin
Pyin
Retrieved date: 06/08/2018
အျပည့္အစုံဖတ္ရန္
http://truenewsworldwideblogger.blogspot.com/2018/08/blog-post_6.html
No comments:
Post a Comment