ထုိင္းႏုိင္ငံေရာက္
ျမန္မာႏုိင္ငံသား အလုပ္သမားေတြကို ေတြ႔ရစဥ္
ထုိင္းႏုိင္ငံမွာ
အေထာက္အထားမဲ့ ျမန္မာလုပ္သား ၃၀၀ ခန္႔ ဖမ္းဆီးခံရ
ထုိင္းႏုိင္ငံ၊
ၾသဂုတ္လ ၅၊ ၂၀၁၈
ထုိင္းႏုိင္ငံမွာ
ေလးရက္အတြင္း အေထာက္အထားမဲ့ ျမန္မာအလုပ္သမား ၃၀၀ ခန္႔ ဖမ္းဆီးခံခဲ့ရေၾကာင္း
RFA သတင္းေဖၚျပခ်က္အရသိရွိရပါတယ္။
ဖမ္းမိတဲ့
အလုပ္သမားေတြကို ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္အရ ျမန္မာႏုိင္ငံကို ျပန္ပုိ႔ေပးတာျဖစ္တယ္လို႔
အလုပ္သမား သံအရာရွိ ဦးစန္းေမာင္ဦးက ေျပာပါတယ္။
"ဖမ္းတာေပါ့။
သူတုိ႔က လက္မဲ့ျဖစ္ေနတာ။ ၂ ႏုိင္ငံအေနနဲ႔ ျပန္ပို႔ေပးေနတယ္။ မေန႔ကတုန္းက မဲေဆာက္မွာ
ထုိင္းႏုိင္ငံ အလယ္ပိုင္းထဲက ကားေတြေရာပါသြားေတာ့ ဒီတစ္ပတ္ ေသာၾကာမွာ ၃၀၀ ေလာက္ျဖစ္တယ္။
ဒါကေတာ့ပံုမွန္ပဲ။ က်ေနာ္တုိ႔ ဟုိဘက္ကို လႊဲေပးတာေလ။ သူ႔ႏုိင္ငံဥပေဒအရေတာ့ သူ႔ကို တရားမ၀င္
အလုပ္သမား ခန္႔အပ္ျခင္း မရွိေစေရးအတြက္ အလုပ္ရွင္ေရာ အလုပ္သမားကိုေရာ အေရးယူမွာပဲ။
ျပန္ၿပီး လႊဲေပးလိုက္တာ။ က်ေနာ္တုိ႔က ၂ ႏိုင္ငံ ညွိထားတာဆုိေတာ့ က်ေနာ္တုိ႔ကေတာ့ ဘာပဲျဖစ္ျဖစ္
ျပန္လက္ခံတယ္။ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရး အရေလ"
ၿပီးခဲ့တဲ့
ဇူလိုင္လ ၃၁ ရက္ကေန ၾသဂုတ္လ ၃ရက္ေန႔အထိ ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိတဲ့ ျမန္မာအလုပ္သမား
အေရအတြက္ ျဖစ္ပါတယ္။
ထုိင္းအာဏာပိုင္ေတြက
အလုပ္ရံုေတြကို ၀င္ေရာက္စစ္ေဆးတဲ့အခါ အေထာက္အထားမဲ့ လုပ္ကိုင္ေနသူေတြကို ဖမ္းမိတာရွိသလို
တခ်ဳိ႕ကလည္း သက္တမ္းကုန္ေနတဲ့ အေထာက္အထားေတြ ကိုင္ေဆာင္ထားလို႔ ဖမ္းခံရတာ ေတြလည္း ရွိတယ္လို႔
သိရပါတယ္။
ဒါ့အျပင္
ျပည္၀င္ခြင့္ ဗီဇာအတုေတြရွိေနတာေၾကာင့္ တရား၀င္ဗီဇာနဲ႔ လာေရာက္သူေတြအေနနဲ႔ ထုိင္းႏုိင္ငံသံရံုးမွာ
ကိုယ္တုိင္ေလွ်ာက္ထားဖို႔ လုိအပ္တယ္လို႔လည္း ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံရံုး က သတိေပးထုတ္ျပန္ထားပါတယ္။
ထိုင္းႏုိင္ငံမွာ
တရားမ၀င္ လာေရာက္လုပ္ကိုင္ေနတဲ့ ျပည္ပႏုိင္ငံသားေတြကို ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး စီမံခ်က္နဲ႔
ဖမ္းဆီးေနတာျဖစ္ေၾကာင္း ယေန့ RFA
သတင္းေဖၚျပခ်က္အရသိရွိရပါတယ္။
ေလးစားစြာျဖင့္
နွင္းေမာင္
ကိုးကား
Reference: RFA
News
Reference link: https://www.rfa.org/burmese/news/illegal-workers-in-thai-08052018090251.html
Retrieved date: 05/08/2018
Unicode
ထိုင်းနိုင်ငံမှာ
အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ဝ ခန့် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊
သြဂုတ်လ ၅၊ ၂၀၁၈
ထိုင်းနိုင်ငံမှာ
လေးရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ဝ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း RFA သတင်းဖေါ်ပြချက်အရသိရှိရပါတယ်။
ဖမ်းမိတဲ့
အလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံကို ပြန်ပို့ပေးတာဖြစ်တယ်လို့
အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
"ဖမ်းတာပေါ့။
သူတို့က လက်မဲ့ဖြစ်နေတာ။ ၂ နိုင်ငံအနေနဲ့ ပြန်ပို့ပေးနေတယ်။ မနေ့ကတုန်းက မဲဆောက်မှာ
ထိုင်းနိုင်ငံ အလယ်ပိုင်းထဲက ကားတွေရောပါသွားတော့ ဒီတစ်ပတ် သောကြာမှာ ၃၀ဝ လောက်ဖြစ်တယ်။
ဒါကတော့ပုံမှန်ပဲ။ ကျနော်တို့ ဟိုဘက်ကို လွှဲပေးတာလေ။ သူ့နိုင်ငံဥပဒေအရတော့ သူ့ကို
တရားမဝင် အလုပ်သမား ခန့်အပ်ခြင်း မရှိစေရေးအတွက် အလုပ်ရှင်ရော အလုပ်သမားကိုရော အရေးယူမှာပဲ။
ပြန်ပြီး လွှဲပေးလိုက်တာ။ ကျနော်တို့က ၂ နိုင်ငံ ညှိထားတာဆိုတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ်
ပြန်လက်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး အရလေ"
ပြီးခဲ့တဲ့
ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၃ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား
အရေအတွက် ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက
အလုပ်ရုံတွေကို ဝင်ရောက်စစ်ဆေးတဲ့အခါ အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဖမ်းမိတာရှိသလို
တချို့ကလည်း သက်တမ်းကုန်နေတဲ့ အထောက်အထားတွေ ကိုင်ဆောင်ထားလို့ ဖမ်းခံရတာ တွေလည်း ရှိတယ်လို့
သိရပါတယ်။
ဒါ့အပြင်
ပြည်ဝင်ခွင့် ဗီဇာအတုတွေရှိနေတာကြောင့် တရားဝင်ဗီဇာနဲ့ လာရောက်သူတွေအနေနဲ့ ထိုင်းနိုင်ငံသံရုံးမှာ
ကိုယ်တိုင်လျှောက်ထားဖို့ လိုအပ်တယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သတိပေးထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ
တရားမဝင် လာရောက်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး စီမံချက်နဲ့
ဖမ်းဆီးနေတာဖြစ်ကြောင်း ယနေ့ RFA သတင်းဖေါ်ပြချက်အရသိရှိရပါတယ်။
လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference:
RFA News
Retrieved
date: 05/08/2018
No comments:
Post a Comment