Monday, July 23, 2018

ျမန္မာအမ်ိုးသမီးတဦး နယူးေယာက္ျမဳိ့မွာ အသတ္ခံရ




ျမန္မာအမ်ိုးသမီးတဦး နယူးေယာက္ျမဳိ့မွာ အသတ္ခံရ

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျမဳိ့ ဘရြတ္ကလင္း အရပ္မွာ ေနထိုင္တဲ့ ျမန္မာအမ်ိုးသမီး သူနာျပဳဆရာမ အသတ္ခံခဲ့ရတာျဖစ္ျပီး အေလာင္းကို သူ့ေနအိမ္ တိုက္ခန္းရဲ့ ဘီရိုထဲမွာ ဇူလိုင္ ၂၁ ရက္ေန့က ရွာေတြ႔ခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္သတင္းမွာ ထုတ္ျပန္ထားပါတယ္။

ေသဆုံးသူဟာ အသက္ ၅၈ ႏွစ္အရြယ္ ေဒၚၾကည္မာသိန္း လို႔ အမည္ရတဲ့ ျမန္မာအမ်ိဳးသမီးျဖစ္ျပီး ဘရြတ္ကလင္းက ဆူနီ Downstate Medical Center မွ မွတ္ပံုတင္ သူနာျပဳတဦးျဖစ္ေၾကာင္းသိရွိရျပီး၊ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ညပိုင္း အလုပ္ကိုလာဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ ေပ်ာက္ဆံုးေနၿပီး ၃ ရက္အၾကာ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္တဦးက သူ႔အိမ္ကို လိုက္သြားတဲ့အခါ စေနေန႔မနက္ ၇ နာရီေလာက္မွာေတာ့ သူ႔ရဲ႕အိပ္ခန္းအတြင္းက ဗီ႐ုိထဲမွာ ေျခလက္ေတြ တုပ္ေႏွာင္ထားၿပီး ပါးစပ္ထဲ အဝတ္ေတြ ဆို႔ထားတဲ့ သူ့ရဲ့အေလာင္းကို အိပ္ရာခင္းနဲ႔ ရစ္ပတ္ထုပ္ပိုးထားတာ ေတြ႔ရွိခဲ့ရလို႔ ရဲကို အေၾကာင္းၾကားလိုက္တာ ျဖစ္ပါတယ္။

႐ုန္းကန္ထားတဲ့ အေျခအေနမ်ိဳး မေတြ႔ရေၾကာင္းနွင့္ အိမ္ထဲမွာ တျခားဘယ္သူ႔ကိုမွ မေတြ႔ခဲ့ရဘူးလို႔ ရဲတပ္ဖြဲ႔ တာဝန္ရွိသူမွ ေျပာၾကားသြားေၾကာင္းလည္း သိရွိရပါတယ္။ ေဒၚၾကည္မာသိန္း ေသဆံုးရတဲ့ အေၾကာင္းရင္းကို သိရဖို႔ အေလာင္းကို ခြဲစိပ္စစ္ေဆးဖို႔ စီစဥ္ထားၿပီး ခုထိေတာ့ ေသဆံုးမႈနဲ႔ ဆက္ႏႊယ္တဲ့ ဖမ္းဆီးထားမႈေတာ့ မရွိေသးေၾကာင္းလည္းသိရွိရပါတယ္။

အခုအသတ္ခံရတဲ့ ေဒၚျကည္မာသိန္းဟာ ကြယ္လြန္သူ ဒုတိယ ဗိုလ္မႉးျကီး ေဖသိန္းနဲ့ ေရာဂါ ရွာေဖြေရး ပါရဂူ ဒုတိယ ဗိုလ္မႉးျကီး မာရီအံုး တို့ရဲ့ သမီးျကီး ျဖစ္ျပီး ကေလး အထူးကု ပါရဂူ ဗိုလ္မႉး ေဇယ်ေက်ာ္ ရဲ့ မိခင္လည္း ျဖစ္ေၾကာင္းကုိေတာ့ BBC Burmese သတင္းေဖၚျပခ်က္အရ သိရွိရပါတယ္။

တည္းျဖတ္ေရးသား- နွင္းေမာင္
Edited by Hninn Maung
ကုိးကား Reference: နယူးေယာက္တိုင္းမ္BBC Burmese

Unicode
မြန်မာအမျိုးသမီးတဦး နယူးယောက်မြို့မှာ အသတ်ခံရ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်း အရပ်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး သူနာပြုဆရာမ အသတ်ခံခဲ့ရတာဖြစ်ပြီး အလောင်းကို သူ့နေအိမ် တိုက်ခန်းရဲ့ ဘီရိုထဲမှာ ဇူလိုင် ၂၁ ရက်နေ့က ရှာတွေ့ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းမှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ အသက် ၅၈ နှစ်အရွယ် ဒေါ်ကြည်မာသိန်း လို့ အမည်ရတဲ့ မြန်မာအမျိုးသမီးဖြစ်ပြီး ဘရွတ်ကလင်းက ဆူနီ Downstate Medical Center မှ မှတ်ပုံတင် သူနာပြုတဦးဖြစ်ကြောင်းသိရှိရပြီး၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်း အလုပ်ကိုလာဖို့ ပျက်ကွက်ခဲ့တာကြောင့် ပျောက်ဆုံးနေပြီး ၃ ရက်အကြာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တဦးက သူ့အိမ်ကို လိုက်သွားတဲ့အခါ စနေနေ့မနက် ၇ နာရီလောက်မှာတော့ သူ့ရဲ့အိပ်ခန်းအတွင်းက ဗီရိုထဲမှာ ခြေလက်တွေ တုပ်နှောင်ထားပြီး ပါးစပ်ထဲ အဝတ်တွေ ဆို့ထားတဲ့ သူ့ရဲ့အလောင်းကို အိပ်ရာခင်းနဲ့ ရစ်ပတ်ထုပ်ပိုးထားတာ တွေ့ရှိခဲ့ရလို့ ရဲကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

ရုန်းကန်ထားတဲ့ အခြေအနေမျိုး မတွေ့ရကြောင်းနှင့် အိမ်ထဲမှာ တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူးလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောကြားသွားကြောင်းလည်း သိရှိရပါတယ်။ ဒေါ်ကြည်မာသိန်း သေဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့ အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ စီစဉ်ထားပြီး ခုထိတော့ သေဆုံးမှုနဲ့ ဆက်နွှယ်တဲ့ ဖမ်းဆီးထားမှုတော့ မရှိသေးကြောင်းလည်းသိရှိရပါတယ်။

အခုအသတ်ခံရတဲ့ ဒေါ်ကြည်မာသိန်းဟာ ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး ဖေသိန်းနဲ့ ရောဂါ ရှာဖွေရေး ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မာရီအုံး တို့ရဲ့ သမီးကြီး ဖြစ်ပြီး ကလေး အထူးကု ပါရဂူ ဗိုလ်မှူး ဇေယျကျော် ရဲ့ မိခင်လည်း ဖြစ်ကြောင်းကိုတော့ BBC Burmese သတင်းဖေါ်ပြချက်အရ သိရှိရပါတယ်။

တည်းဖြတ်ရေးသား- နှင်းမောင်
Edited by Hninn Maung
ကိုးကား Reference: နယူးယောက်တိုင်းမ်၊ BBC Burmese

Sunday, July 15, 2018

မိုဒရစ္ အေကာင္းဆံုး ဆုရခဲ့ၿပီး အမ္ဘတ္ေပ လူငယ္ဆုရ




မိုဒရစ္ အေကာင္းဆံုး ဆုရခဲ့ၿပီး အမ္ဘတ္ေပ လူငယ္ဆုရ



၂၀၁၈ ကမာၻ႔ဖလားရဲ႕ တစ္ဦးခ်င္း အေကာင္းဆံုး ဆုေတြကိုေတာ့ ဖိုင္နယ္ပြဲ အၿပီးမွာ ေပးခဲ့ပါတယ္။ အေကာင္းဆံုး ေဘာလံုးသမားဆုကို ခရိုေအးရွား အသင္းေခါင္းေဆာင္ လူကာ မိုဒရစ္က ရရွိခဲ့ၿပီး၊ အေကာင္းဆံုး လူငယ္ ကစားသမားဆုကို ျပင္သစ္က အမ္ဘတ္ေပက ရရွိခဲ့ပါတယ္။ အေကာင္းဆံုး ဂိုးသမားဆုကို ဘယ္ဂ်ီယံ ဂိုးသမား သီဘို႔ ေကာ့တြိဳင္က ရခဲ့ၿပီး အဂၤလန္ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ဂိုးအမ်ားဆံုး ေရႊဖိနပ္ဆုရခဲ့ပါတယ္။



အေကာင္းဆံုးဆု - မိုဒရစ္ ( ခရိုေအးရွား)

အေကာင္းဆံုး လူငယ္ဆု - အမ္ဘတ္ေပ ( ျပင္သစ္)

အေကာင္းဆံုး ဂိုးသမားဆု - သီဘို႔ ေကာ့တြိဳင္ ( ဘယ္ဂ်ီယံ)

ဂိုးအမ်ားဆံုး ေရႊဖိနပ္ဆု - ဟယ္ရီကိန္း ( အဂၤလန္)


Respectfully full credit given to BBC Burmese





Unicode

မိုဒရစ် အကောင်းဆုံး ဆုရခဲ့ပြီး အမ်ဘတ်ပေ လူငယ်ဆုရ



၂၀၁၈ ကမ္ဘာ့ဖလားရဲ့ တစ်ဦးချင်း အကောင်းဆုံး ဆုတွေကိုတော့ ဖိုင်နယ်ပွဲ အပြီးမှာ ပေးခဲ့ပါတယ်။ အကောင်းဆုံး ဘောလုံးသမားဆုကို ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ်က ရရှိခဲ့ပြီး၊ အကောင်းဆုံး လူငယ် ကစားသမားဆုကို ပြင်သစ်က အမ်ဘတ်ပေက ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကို ဘယ်ဂျီယံ ဂိုးသမား သီဘို့ ကော့တွိုင်က ရခဲ့ပြီး အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဂိုးအများဆုံး ရွှေဖိနပ်ဆုရခဲ့ပါတယ်။



အကောင်းဆုံးဆု - မိုဒရစ် ( ခရိုအေးရှား)

အကောင်းဆုံး လူငယ်ဆု - အမ်ဘတ်ပေ ( ပြင်သစ်)

အကောင်းဆုံး ဂိုးသမားဆု - သီဘို့ ကော့တွိုင် ( ဘယ်ဂျီယံ)

ဂိုးအများဆုံး ရွှေဖိနပ်ဆု - ဟယ်ရီကိန်း ( အင်္ဂလန်)

Respectfully full credit given to BBC Burmese

ခရိုေအးရွားကို နဳိင္ျပီး ျပင္သစ္ ခ်န္ပီယံျဖစ္



ခရိုေအးရွားကို နဳိင္ျပီး  ျပင္သစ္ ခ်န္ပီယံဖစ္



ျပင္သစ္ ၄ - ၂ ခရိုေအးရွား



ယူရို ၂၀၁၆ ဖိုင္နယ္မွာ ရွံဳးခဲ့တဲ့ ျပင္သစ္ဟာ ဒီႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ အေကာင္းဆံုး ကစားခဲ့ၿပီး ခ်န္ပီယံ ထပ္ျဖစ္ခဲ့ျပန္ပါတယ္။ ျပင္သစ္ဟာ ခရိုေအးရွားကို ပထမပိုင္းမွာ ၂-၁ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။ ခရိုေအးရွားက မန္ဇူးကစ္ ကိုယ့္ဂိုး ကိုယ္ျပန္သြင္းမိတဲ့ ေခါင္းတုိက္ဂိုး၊ ေနာက္ ပရာဆစ္ရဲ႕ လက္ထိေဘာေၾကာင့္ ပင္နယ္တီကေန ဂိုးေတြ ရခဲ့တာ ျဖစ္ပါတယ္။ ခရိုေအးရွားဟာ ပထမပိုင္းမွာ အေကာင္းဆံုး ကစားခဲ့ေပမယ့္ မထင္မွတ္ဘဲ အေနအထားေတြကေန ဂိုးေတြ ေပးခဲ့ရတာက သူတို႔ ကံဆိုးခဲ့ရတာ ျဖစ္ပါတယ္။ ပထမပိုင္းမွာ ပရာဆစ္က ခရိုေအးရွားအတြက္ ၂၈မိနစ္မွာ တစ္ဂိုးသြင္းခဲ့လို႔ ၂-၁ဂိုးနဲ႔ ျပင္သစ္ အသာရခဲ့ပါတယ္။ ဒုတိယပိုင္းမွာ တစ္သင္းလံုး တုိက္စစ္ဆင္ ကစားေနရင္းက ျပင္သစ္ ဂိုးထပ္ရခဲ့ပါတယ္။ ေပါ့ပ္ဘာက ၅၉မိနစ္မွာ ဧရိယာထိပ္ကေန ကန္သြင္းခဲ့တာပါ။ အဲ့ဒီေနာက္ ဒီၿပိဳင္ပြဲမွာ ေျခစြမ္းျပေနတဲ့ အမ္ဘတ္ေပက ၆၅မိနစ္မွာ အျပင္းကန္သြင္းခဲ့ၿပီး ျပင္သစ္ ၄-၁ဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။ ခရိုေအးရွားအတြက္ ႏွစ္သိမ့္ဂိုးကို ၆၉မိနစ္မွာ မန္ဇူးကစ္က ျပင္သစ္ ဂိုးသမား အမွားကေန သြင္းခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္း ျပင္သစ္က အႏိုင္ဂိုးေတြကို ထိန္းကစားခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားႀကီးကို ထိုက္ထိုက္ တန္တန္နဲ႔ ရယူႏုိင္ခဲ့တာ ျဖစ္ပါတယ္။



Respectfully full credit given to BBC Burmese



Unicode

ခရိုအေးရှားကို နိုင်ပြီး  ပြင်သစ် ချန်ပီယံဖြစ်

ပြင်သစ် ၄ - ၂ ခရိုအေးရှား



ယူရို ၂၀၁၆ ဖိုင်နယ်မှာ ရှုံးခဲ့တဲ့ ပြင်သစ်ဟာ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံး ကစားခဲ့ပြီး ချန်ပီယံ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ ပြင်သစ်ဟာ ခရိုအေးရှားကို ပထမပိုင်းမှာ ၂-၁ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ခရိုအေးရှားက မန်ဇူးကစ် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတဲ့ ခေါင်းတိုက်ဂိုး၊ နောက် ပရာဆစ်ရဲ့ လက်ထိဘောကြောင့် ပင်နယ်တီကနေ ဂိုးတွေ ရခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားဟာ ပထမပိုင်းမှာ အကောင်းဆုံး ကစားခဲ့ပေမယ့် မထင်မှတ်ဘဲ အနေအထားတွေကနေ ဂိုးတွေ ပေးခဲ့ရတာက သူတို့ ကံဆိုးခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ပရာဆစ်က ခရိုအေးရှားအတွက် ၂၈မိနစ်မှာ တစ်ဂိုးသွင်းခဲ့လို့ ၂-၁ဂိုးနဲ့ ပြင်သစ် အသာရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တစ်သင်းလုံး တိုက်စစ်ဆင် ကစားနေရင်းက ပြင်သစ် ဂိုးထပ်ရခဲ့ပါတယ်။ ပေါ့ပ်ဘာက ၅၉မိနစ်မှာ ဧရိယာထိပ်ကနေ ကန်သွင်းခဲ့တာပါ။ အဲ့ဒီနောက် ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အမ်ဘတ်ပေက ၆၅မိနစ်မှာ အပြင်းကန်သွင်းခဲ့ပြီး ပြင်သစ် ၄-၁ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ခရိုအေးရှားအတွက် နှစ်သိမ့်ဂိုးကို ၆၉မိနစ်မှာ မန်ဇူးကစ်က ပြင်သစ် ဂိုးသမား အမှားကနေ သွင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ပြင်သစ်က အနိုင်ဂိုးတွေကို ထိန်းကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကြီးကို ထိုက်ထိုက် တန်တန်နဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Respectfully full credit given to BBC Burmese

ေတာဝက္ေဘာလုံးအသင္းကုိ ကယ္ထုတ္ေပးခဲ့တဲ့ ျဗိတိန္ေရငုတ္သမားႏွစ္ေယာက္ကုိ တသက္တာ ေလယာဥ္အခမဲ့ စီးႏွင္းခြင့္ခ်ီးျမွင့္





ေတာက္ေဘာလုံးအသင္းကုိ ကယ္ထုတ္ေပးခဲ့တဲ့ ျဗိတိန္ေရငုတ္သမားႏွစ္ေယာက္ကုိ တသက္တာ ေလယာဥ္အခမဲ့ စီးႏွင္းခြင့္ခ်ီးျမွင့့္

ေတာ၀က္ေဘာလုံးအသင္းက ကေလးေတြကုိ ေက်ာက္ဂူထဲက ေန ကယ္ထုတ္ေပးဖုိ႔ ကူညီခဲ့တဲ့ ျဗိတိန္ႏုိင္ငံက ေရငုတ္သမားႏွစ္ေယာက္ျဖစ္တဲ့ John Volanthen နဲ႔ Jason Mallinson တုိ႔ကုိ ထုိင္းအာဏာပုိင္ေတြက ထုိင္းေလေၾကာင္းလုိင္းအတြက္ တသက္သာ ေလယာဥ္အခမဲ့ စီးနင္းခြင့္ ခ်ီျမွင့္ခဲ့ေၾကာင္း သိရွိရပါတယ္။

သူ႔လူမ်ဳိးအတြက္ ျပည္ပအကူအညီကို ရဲရဲႀကီး ယူခဲ့ယံုသာမက ေက်းဇူးသိတတ္တဲ့ အေနနဲ့ ထိုင္းႏိုင္ငံ အာဏပုိင္မ်ားအေနနဲ့ တသက္သာ ေလယာဥ္အခမဲ့ စီးနင္းခြင့္ ခ်ီျမွင့္ခဲ့တာျဖစ္ပါတယ္။

နဳိင္ျမန္မာ၊ ၾသစေၾတးလွ် Naing Myanmar/Australia
ျဖစ္ရပ္မွန္သတင္းမ်ား True News
ကုိးကား Reference: DuwunNews

Unicode
တောဝက်ဘောလုံးအသင်းကို ကယ်ထုတ်ပေးခဲ့တဲ့ ဗြိတိန်ရေငုတ်သမားနှစ်ယောက်ကို တသက်တာ လေယာဉ်အခမဲ့ စီးနှင်းခွင့်ချီးမြှင့်

တောဝက်ဘောလုံးအသင်းက ကလေးတွေကို ကျောက်ဂူထဲက နေ ကယ်ထုတ်ပေးဖို့ ကူညီခဲ့တဲ့ ဗြိတိန်နိုင်ငံက ရေငုတ်သမားနှစ်ယောက်ဖြစ်တဲ့ John Volanthen နဲ့ Jason Mallinson တို့ကို ထိုင်းအာဏာပိုင်တွေက ထိုင်းလေကြောင်းလိုင်းအတွက် တသက်သာ လေယာဉ်အခမဲ့ စီးနင်းခွင့် ချီမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။

သူ့လူမျိုးအတွက် ပြည်ပအကူအညီကို ရဲရဲကြီး ယူခဲ့ယုံသာမက ကျေးဇူးသိတတ်တဲ့ အနေနဲ့ ထိုင်းနိုင်ငံ အာဏပိုင်များအနေနဲ့ တသက်သာ လေယာဉ်အခမဲ့ စီးနင်းခွင့် ချီမြှင့်ခဲ့တာဖြစ်ပါတယ်။

နိုင်မြန်မာ၊ သြစတြေးလျှ Naing Myanmar/Australia
ဖြစ်ရပ်မှန်သတင်းများ True News
ကိုးကား Reference: DuwunNews

နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသားတဦး

ႏိုင္းပရဆစ္ ဆုိသူ ထုိင္းအမ်ိဳးသား နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသား တဦး ထုိင္း နဳိင္ငံ...