Sunday, October 29, 2017

ရိုဟင်ဂျာတွေ သားကြောဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

ရိုဟင်ဂျာတွေ သားကြောဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ် ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိမိဆန္ဒအလျောက် သားသမီးမလိုချင်သူတွေကို သားကြောဖြတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေကြောင်း သတင်းရပါတယ်။

ဒေသခံ ကျန်းမာရေး အရာရှိတွေက အဲဒီ စခန်းတွေမှာ လူအဆမတန်များပြားပြီး ကလေးမွေးနှုန်းမြင့်မားနေကြောင်း၊ သူတို့ကို ကွန်ဒုံးအစွပ်တွေ သုံးစွဲဖို့ဝေငှတာလည်း အောင်မြင်ခြင်းမရှိကြောင်း၊ တချို့မိသားစုတွေမှာ ကလေး ၁၉ ယောက် အထိရှိကြောင်း၊ ရိုဟင်ဂျာယောင်္ကျား အမြောက်အများဟာ တစ်ဦးကို ဇနီးမယားတယောက်ထက်မက ပိုယူထားကြကြောင်း၊ သားဆက်ခြားရေးအတွက် အရင်ကကြိုးစားမှုတွေ အောင်မြင်ခြင်းမရှိတဲ့အတွက် အခုလို သားကြောဖြတ်ရေးစီမံချက်ကို စီစဉ်တာဖြစ်ကြောင်း ပြောပါတယ်။
အခုအစီအစဉ် အရ ရိုဟင်ဂျာ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ သားကြောဖြတ်မယ့် စီမံချက်ကို အစိုးရထံ တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ သိပ်ပြီးအောင်မြင်ဖို့ မလွယ်ကြောင်း၊ ရိုဟင်ဂျာအများအပြားက အိမ်ထောင်စုတစ်ခုမှာ သားသမီးများများရှိမှ သူတို့မိသားစု ပိုမိုအင်အားတောင့်တင်းမယ်လို့ ယူဆကြသလို သားသမီးရရှိရေး တားဆီးတဲ့ကိစ္စဟာ အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်တယ်လို့ ယုံကြည်နေသူတွေလည်းရှိကြောင်း သားဆက်ခြားရေးဆိုင်ရာ ဒေသခံ အရာရှိတစ်ဦးက ပြောပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 29, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/

Retrieved Date: 29/10/2017

ရိုဟင်ဂျာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို သတ်ဖြတ်

ရိုဟင်ဂျာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို သတ်ဖြတ်ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ကော့ဇ်ဘဇားဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို ရိုဟင်ဂျာတစ်ဦးက စနေနေ့မှာ ဓါးနဲ့ခုတ်သတ်လိုက်ပါတယ်။ ကော့ဇ်ဘဇားခရိုင် ရဲအရာရှိတစ်ဦးက မိသားစု အချင်းများရာကနေ အခုလို လူသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ရိုဟင်ဂျာတွေ ရောက်လာပြီးနောက်ပိုင်း ရာဇဝတ်မှုတွေ သိသိသာသာ ထူပြောလာကြောင်းနဲ့ လုံခြုံရေးတိုးချဲ့ချထားကြောင်း ပြောပါတယ်။

အဲဒီ ကော့ဇ်ဘဇားခရိုင်က တက်နပ်ဖ် နဲ့ အူကီးယာ မြို့ ၂ မြို့မှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ ဒေသခံ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေအကြား တင်းမာမှုတွေ တိုးပွားနေပါတယ်။

ဒေသမှာရှိတဲ့ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရိုဟင်ဂျာတွေက ဝင်ရောက်နေရာယူလာကြကြောင်း၊ သူတို့က ဒေသခံတွေထက် ပိုမိုလုပ်ကိုင်နိုင်ပြီး လုပ်ခလည်းနည်းနည်းပဲပေးဖို့လိုကြောင်း၊ အခုဆိုရင် ငါးဖမ်းလုပ်သား အများစုဟာ ရိုဟင်ဂျာတွေဖြစ်နေကြောင်း ငှားဖမ်းစက်လှေပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ရောက်ရှိလာပြီးနောက် ကုန်ဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ခတွေလည်း တက်လာတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 29, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/

Retrieved Date: 29/10/2017

Saturday, October 21, 2017

ရုရှားရေတပ်သင်္ဘောတွေ ဖိလစ်ပိုင်ကို ရောက်ရှိ

ရုရှားရေတပ်သင်္ဘောတွေ ဖိလစ်ပိုင်ကို ရောက်ရှိ ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ဖိလစ်ပိုင်နိုင်ငံအတွက် လှူဒါန်းမယ့် စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ရုရှားရေတပ် စစ်သင်္ဘော ၃ စင်း ဒီကနေ့ မနီလာမြို့ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီး၊ နောက်ထပ် ၂ စင်းလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ရုရှားစစ်သင်္ဘောတွေ ဖိလစ်ပိုင်ကို အခုလို ရောက်ရှိလာမှုဟာ သမ္မတ ဒူတာတေ လက်ထက်မှာ ၃ ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။ သမ္မတ ဒူတာတေဟာ အမေရိကန်နဲ့ ခပ်ဝေးဝေးဆက်ဆံပြီး၊ တရုတ်၊ ရုရှားတို့နဲ့ အနီးကပ် ဆက်ဆံမယ်လို့ ကြုံးဝါးပြောဆိုထားသူလည်း ဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်မယ့်ခရီးစဉ်အတွက် အခုလို စစ်သင်္ဘော ၃ စင်း ကြိုတင်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ နောက်ထပ် ၂ စင်းကတော့ စနေ့နေ့ရောက်လာမှာပါ။

ရုရှားကာကွယ်ရေးဝန်ကြီးဟာ လာမယ့်သီတင်းပါတ် ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံ ၁၀ နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး၊ အဲဒီအစည်းအဝေးကို အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတွေလည်း လာတက်မှာဖြစ်ပါတယ်။

ရုရှားရေတပ်ဟာ စစ်လက်နက်ပစ္စည်းတွေကို ဖိလစ်ပိုင်သမ္မတ ဒူတာတေ လက်ထဲလွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွက် ရိုင်ဖယ်သေနတ်အလက်ရေ ၅၀၀၀ လှူဒါန်းမယ်လို့လည်း ရုရှားအစိုးရက ပြောထားပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/

Retrieved Date: 21/10/2017

တရုတ်လုပ်ရိုင်ဖယ် သေနတ်ကို ဖိလစ်ပိုင်သမ္မတ ချီးကျူး

တရုတ်သေနတ်ကို ဖိလစ်ပိုင်သမ္မတ ချီးကျူး ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ဖိလစ်ပိုင်နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင် Isnilon Hapilon ကို တရုတ်လုပ်ရိုင်ဖယ် သေနတ်နဲ့ သတ်ခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ Duterte  ဒူတာတေး က ထုတ်ဖေါ်ချီးကျူးလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အစ္စလာမ္မစ်လက်နက်ကိုင်တွေကို နိမ်နင်းဖို့ ဖိလစ်ပိုင်နိုင်ငံကို စနိုင်ဘာ ရိုင်ဖယ် အလက် ၁၀၀ ပေးအပ်ခဲ့ပါတယ်။ သမ္မတ ဒူတာဒေးက သံတမန်တွေ စီးပွားရေးသမားတွေရှေ့မှာ တရုတ်သံအမတ်ကြီးကို ဒီိရိုင်ဖယ်ဖြင့် အစ္စလာမ္မစ်ခေါင်းဆောင်ကိုပစ်သတ်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖေါ်ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ စစ်ဆင်ရေးမှာ ပါဝင်တဲ့တပ်ဖွဲ့ကတော့ အဲဒီအကြမ်းဖက်သမားကို တရုတ်ရိုင်ဖယ်နဲ့ ပစ်တာမဟုတ်ဘဲ သံချပ်ကာ ကားမှာတပ်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ပြောကြားတဲ့အတွက် သမ္မတရဲ့ ပြောဆိုချက်နဲ့ လွဲနေပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/
Photo: Google image

Retrieved Date: 21/10/2017

ဖိလစ်ပိုင်ကို ရုရှားက ရိုင်ဖယ် ၅ဝဝဝ လက်ဆောင်ပေး

ဖိလစ်ပိုင်ကို ရုရှားက ရိုင်ဖယ် ၅ဝဝဝ လက်ဆောင်ပေး ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရုရှားစစ်သင်္ဘော ၃ စင်း သောကြာနေ့က ဆိုက်ရောက်လာပြီး နောက်ထပ် ၂ စင်းလည်း ဆူးဘစ်ပင်လယ်ကွေ့ဆိပ်ကမ်းကို ဒီကနေ့ စနေနေ့မှာ ထပ်မံရောက်ရှိလာမယ်လို့ မနီလာက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
အဲဒီ စစ်သင်္ဘောတွေပေါ်မှာ ရုရှားက ဖိလစ်ပိုင်ကို လက်ဆောင်ပေးမယ့် ရိုင်ဖယ်သေနတ် အလက် ငါးထောင်နဲ့ လက်နက်ခဲယမ်းတွေအပြင် စစ်တပ်သုံး ထရပ်ကား အစီး ၂ဝ လည်း တင်ဆောင်လာတယ်လို့ သိရပါတယ်။
ပစိဖိတ်ဒေသဆိုင်ရာ ရုရှားရေတပ် ဒု ဦးစီးချုပ် Mikhailov မစ်ခေးလို့ဗ် က ဒီ ပစ္စည်းတွေဟာ ဒေသအတွင်း လုံခြုံတည်ငြိမ်ရေးနဲ့ နှစ်ပြည်ထောင်ဆက်ဆံမှု တိုးတက်ရေးအတွက် ကူညီမှုပါပဲလို့ ပြောပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/

Retrieved Date: 21/10/2017

အစွန်းရောက် မွတ်စလင် တိုက်ဖျက်ရေး ထိပ်သီးတွေပူးပေါင်း

အစွန်းရောက် မွတ်စလင် တိုက်ဖျက်ရေး ထိပ်သီးတွေပူးပေါင်း ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

G7 ခေါ် ဖွံဖြိုးပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံ ၇ နိုင်ငံနဲ့ ကွန်ပြူတာဆက်သွယ်ရေးနည်းပညာဆိုင်ရာ ကမ္ဘာကျော်ကုမ္ပဏီတွေဖြစ်ကြတဲ့ GoogleFacebook နဲ့ Twitter တို့ပူးပေါင်းပြီး အစွန်းရောက် အစ္စလာမ်ဝါဒီတွေရဲ့ အင်တာနက်သုံးစွဲမှုတွေကို ချေမှုန်းပိတ်ဆို့ဖို့ မနေ့က သဘောတူလိုက်ပါတယ်။
အီတလီနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ အင်တာနက်ကနေ လူသစ် စုဆောင်းခြင်း၊ အကြမ်းဖက်နည်းပညာတွေ သင်ကြားပို့ချခြင်းနဲ့ အစွန်းရောက်ဝါဒ ဖြန့်ချိခြင်းတွေကို ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် ကာကွယ်တားဆီးဖို့လိုကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ ထိပ်သီးနိုင်ငံကိုယ်စားလှယ်တွေက ပြောပါတယ်။
မနေ့က အစည်းအဝေးကို ထိပ်သီးနိုင်ငံ ၇ ခုဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမဏီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေက ဝန်ကြီးတွေ တက်ရောက်ပါတယ်။ ညီလာခံ ကာလအတွင်း အမေရိကန် ပြည်ထောင်စု အမိမြေ လုံခြုံရေးဝန်ကြီး နဲ့ အီတလီ ပြည်ထဲရေးဝန်ကြီးတို့ က နိုင်ငံရေးခိုလှုံခွင့်ကို အသုံးချပြီး အကြမ်းဖက်သမားတွေ ဝင်ရောက်နိုင်မှုကို ကာကွယ်ဖို့အတွက် လိုအပ်သလို လက်ဗွေပုံစံတွေ အပြန်အလှန်ဖလှယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/

Retrieved Date: 21/10/2017

နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး

နိုင်းပရဆစ် ဆိုသူ ထိုင်းအမျိုးသား နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသား တဦး ထိုင်း နိုင်ငံ...