Saturday, October 21, 2017

ရုရှားရေတပ်သင်္ဘောတွေ ဖိလစ်ပိုင်ကို ရောက်ရှိ




ရုရှားရေတပ်သင်္ဘောတွေ ဖိလစ်ပိုင်ကို ရောက်ရှိ ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

ဖိလစ်ပိုင်နိုင်ငံအတွက် လှူဒါန်းမယ့် စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ရုရှားရေတပ် စစ်သင်္ဘော ၃ စင်း ဒီကနေ့ မနီလာမြို့ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီး၊ နောက်ထပ် ၂ စင်းလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ရုရှားစစ်သင်္ဘောတွေ ဖိလစ်ပိုင်ကို အခုလို ရောက်ရှိလာမှုဟာ သမ္မတ ဒူတာတေ လက်ထက်မှာ ၃ ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။ သမ္မတ ဒူတာတေဟာ အမေရိကန်နဲ့ ခပ်ဝေးဝေးဆက်ဆံပြီး၊ တရုတ်၊ ရုရှားတို့နဲ့ အနီးကပ် ဆက်ဆံမယ်လို့ ကြုံးဝါးပြောဆိုထားသူလည်း ဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်မယ့်ခရီးစဉ်အတွက် အခုလို စစ်သင်္ဘော ၃ စင်း ကြိုတင်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ နောက်ထပ် ၂ စင်းကတော့ စနေ့နေ့ရောက်လာမှာပါ။

ရုရှားကာကွယ်ရေးဝန်ကြီးဟာ လာမယ့်သီတင်းပါတ် ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံ ၁၀ နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး၊ အဲဒီအစည်းအဝေးကို အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတွေလည်း လာတက်မှာဖြစ်ပါတယ်။

ရုရှားရေတပ်ဟာ စစ်လက်နက်ပစ္စည်းတွေကို ဖိလစ်ပိုင်သမ္မတ ဒူတာတေ လက်ထဲလွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွက် ရိုင်ဖယ်သေနတ်အလက်ရေ ၅၀၀၀ လှူဒါန်းမယ်လို့လည်း ရုရှားအစိုးရက ပြောထားပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/


Retrieved Date: 21/10/2017

No comments:

Post a Comment

နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး

နိုင်းပရဆစ် ဆိုသူ ထိုင်းအမျိုးသား နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသား တဦး ထိုင်း နိုင်ငံ...