ျမန္မာအမ်ိုးသမီးတဦး
နယူးေယာက္ျမဳိ့မွာ အသတ္ခံရ
အေမရိကန္ျပည္ေထာင္စု
နယူးေယာက္ျမဳိ့ ဘရြတ္ကလင္း အရပ္မွာ ေနထိုင္တဲ့ ျမန္မာအမ်ိုးသမီး သူနာျပဳဆရာမ
အသတ္ခံခဲ့ရတာျဖစ္ျပီး အေလာင္းကို သူ့ေနအိမ္
တိုက္ခန္းရဲ့ ဘီရိုထဲမွာ ဇူလိုင္ ၂၁ ရက္ေန့က ရွာေတြ႔ခဲ့ေၾကာင္း
နယူးေယာက္တိုင္းမ္သတင္းမွာ ထုတ္ျပန္ထားပါတယ္။
ေသဆုံးသူဟာ
အသက္ ၅၈ ႏွစ္အရြယ္ ေဒၚၾကည္မာသိန္း လို႔ အမည္ရတဲ့ ျမန္မာအမ်ိဳးသမီးျဖစ္ျပီး
ဘရြတ္ကလင္းက ဆူနီ Downstate Medical Center မွ
မွတ္ပံုတင္ သူနာျပဳတဦးျဖစ္ေၾကာင္းသိရွိရျပီး၊
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ညပိုင္း အလုပ္ကိုလာဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္
ေပ်ာက္ဆံုးေနၿပီး ၃ ရက္အၾကာ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္တဦးက သူ႔အိမ္ကို
လိုက္သြားတဲ့အခါ စေနေန႔မနက္ ၇ နာရီေလာက္မွာေတာ့ သူ႔ရဲ႕အိပ္ခန္းအတြင္းက ဗီ႐ုိထဲမွာ
ေျခလက္ေတြ တုပ္ေႏွာင္ထားၿပီး ပါးစပ္ထဲ အဝတ္ေတြ ဆို႔ထားတဲ့ သူ့ရဲ့အေလာင္းကို
အိပ္ရာခင္းနဲ႔ ရစ္ပတ္ထုပ္ပိုးထားတာ ေတြ႔ရွိခဲ့ရလို႔ ရဲကို အေၾကာင္းၾကားလိုက္တာ
ျဖစ္ပါတယ္။
႐ုန္းကန္ထားတဲ့
အေျခအေနမ်ိဳး မေတြ႔ရေၾကာင္းနွင့္ အိမ္ထဲမွာ တျခားဘယ္သူ႔ကိုမွ မေတြ႔ခဲ့ရဘူးလို႔ ရဲတပ္ဖြဲ႔ တာဝန္ရွိသူမွ
ေျပာၾကားသြားေၾကာင္းလည္း သိရွိရပါတယ္။ ေဒၚၾကည္မာသိန္း
ေသဆံုးရတဲ့ အေၾကာင္းရင္းကို သိရဖို႔ အေလာင္းကို ခြဲစိပ္စစ္ေဆးဖို႔ စီစဥ္ထားၿပီး
ခုထိေတာ့ ေသဆံုးမႈနဲ႔ ဆက္ႏႊယ္တဲ့ ဖမ္းဆီးထားမႈေတာ့ မရွိေသးေၾကာင္းလည္းသိရွိရပါတယ္။
အခုအသတ္ခံရတဲ့
ေဒၚျကည္မာသိန္းဟာ ကြယ္လြန္သူ ဒုတိယ ဗိုလ္မႉးျကီး ေဖသိန္းနဲ့ ေရာဂါ ရွာေဖြေရး ပါရဂူ
ဒုတိယ ဗိုလ္မႉးျကီး မာရီအံုး တို့ရဲ့ သမီးျကီး ျဖစ္ျပီး ကေလး အထူးကု ပါရဂူ ဗိုလ္မႉး
ေဇယ်ေက်ာ္ ရဲ့ မိခင္လည္း ျဖစ္ေၾကာင္းကုိေတာ့ BBC
Burmese သတင္းေဖၚျပခ်က္အရ သိရွိရပါတယ္။
တည္းျဖတ္ေရးသား- နွင္းေမာင္
Edited by Hninn Maung
ကုိးကား Reference: နယူးေယာက္တိုင္းမ္၊
BBC Burmese
Unicode
မြန်မာအမျိုးသမီးတဦး နယူးယောက်မြို့မှာ
အသတ်ခံရ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့
ဘရွတ်ကလင်း အရပ်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး သူနာပြုဆရာမ အသတ်ခံခဲ့ရတာဖြစ်ပြီး
အလောင်းကို သူ့နေအိမ် တိုက်ခန်းရဲ့ ဘီရိုထဲမှာ ဇူလိုင် ၂၁ ရက်နေ့က ရှာတွေ့ခဲ့ကြောင်း
နယူးယောက်တိုင်းမ်သတင်းမှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူဟာ အသက် ၅၈ နှစ်အရွယ် ဒေါ်ကြည်မာသိန်း
လို့ အမည်ရတဲ့ မြန်မာအမျိုးသမီးဖြစ်ပြီး ဘရွတ်ကလင်းက ဆူနီ Downstate Medical Center မှ
မှတ်ပုံတင် သူနာပြုတဦးဖြစ်ကြောင်းသိရှိရပြီး၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်း အလုပ်ကိုလာဖို့
ပျက်ကွက်ခဲ့တာကြောင့် ပျောက်ဆုံးနေပြီး ၃ ရက်အကြာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တဦးက သူ့အိမ်ကို
လိုက်သွားတဲ့အခါ စနေနေ့မနက် ၇ နာရီလောက်မှာတော့ သူ့ရဲ့အိပ်ခန်းအတွင်းက ဗီရိုထဲမှာ ခြေလက်တွေ
တုပ်နှောင်ထားပြီး ပါးစပ်ထဲ အဝတ်တွေ ဆို့ထားတဲ့ သူ့ရဲ့အလောင်းကို အိပ်ရာခင်းနဲ့ ရစ်ပတ်ထုပ်ပိုးထားတာ
တွေ့ရှိခဲ့ရလို့ ရဲကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။
ရုန်းကန်ထားတဲ့ အခြေအနေမျိုး မတွေ့ရကြောင်းနှင့်
အိမ်ထဲမှာ တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူးလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောကြားသွားကြောင်းလည်း
သိရှိရပါတယ်။ ဒေါ်ကြည်မာသိန်း သေဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့ အလောင်းကို ခွဲစိပ်စစ်ဆေးဖို့
စီစဉ်ထားပြီး ခုထိတော့ သေဆုံးမှုနဲ့ ဆက်နွှယ်တဲ့ ဖမ်းဆီးထားမှုတော့ မရှိသေးကြောင်းလည်းသိရှိရပါတယ်။
အခုအသတ်ခံရတဲ့ ဒေါ်ကြည်မာသိန်းဟာ ကွယ်လွန်သူ
ဒုတိယ ဗိုလ်မှူးကြီး ဖေသိန်းနဲ့ ရောဂါ ရှာဖွေရေး ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မာရီအုံး
တို့ရဲ့ သမီးကြီး ဖြစ်ပြီး ကလေး အထူးကု ပါရဂူ ဗိုလ်မှူး ဇေယျကျော် ရဲ့ မိခင်လည်း ဖြစ်ကြောင်းကိုတော့
BBC Burmese သတင်းဖေါ်ပြချက်အရ
သိရှိရပါတယ်။
တည်းဖြတ်ရေးသား- နှင်းမောင်
Edited by Hninn Maung
ကိုးကား Reference: နယူးယောက်တိုင်းမ်၊
BBC Burmese

No comments:
Post a Comment