Tuesday, November 28, 2017




Photo credit to Reuters





Unicode
မြောက်ကိုရီးယား ဒုံးကျည် ထပ်မံ ပစ်ခတ်မှု လုပ်

မြောက်ကိုရီးယား နိုင်ငံက တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ် က ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဌာန တွေက ပြောပါတယ်။
ဒုံးကျည် ပစ်ခတ် ခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာချုပ် က ပြောပေမယ့် လက်ရှိ အချိန် အထိ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ် လို့ ပြောပါတယ်။
တောင်ကိုရီးယား အရှေ့ဘက်ခြမ်း ပြုံဆောင်း အရပ် ကို ဖြတ်ကျော် သွား တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယွန်ဟတ် သတင်းဌာန က ဆိုပါတယ်။

လောလောဆယ် အချိန် အထိတော့ ဒုံးကျည် က ဘယ်လောက် အကွာ အဝေး အထိ ရောက်တယ်ဆိုတာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီနှစ် အစောပိုင်း တုန်း က မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ် ခဲ့တဲ့ ဒုံးကျည် တစ်ခု ဟာ ဂျပန် နိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံဟာ ဒီနှစ် ထဲမှာ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုတွေ အတော်များများ လုပ်ခဲ့ပြီး တိုက်ချင်းပစ် ဒုံးကျည်၊ နဲ့ နျူကလီးယား ထိပ်ဖူး တပ် ဒုံးကျည် စမ်းသပ်မှုတွေကို လုပ်ခဲ့တာပါ။
အဲဒီ ကိစ္စတွေကြောင့် မြောက်ကိုရီးယား နဲ့ အမေရိကန် ကြားမှာ တင်းမာ မှုတွေ ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု အသစ်တွေလည်း ချမှတ် ထားပါတယ်။

This article first appeared in ဘီဘီစီမြန်မာပိုင်း news on Friday, November 29, 2017 of ဘီဘီစီမြန်မာပိုင်း Website.
We acknowledged © of ဘီဘီစီမြန်မာပိုင်း and thus full credit given to ဘီဘီစီမြန်မာပိုင်း.
We are non-profits volunteers and we only retrieved this news to support all communities in Myanmar who do not know how to get access to news sources as well as do not have luxuries Medias and only have a phone in theirs hands. 
Reference Link: http://www.bbc.com/burmese/world-42160638

Retrieved Date: November 29, 2017

Photo credit to Reuters

Sunday, November 26, 2017

ဘာလီကျွန်းက မီးတောင်လှုပ်ရှားလို့ လေကြောင်းသတိပေး




အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဂွန်းမီးတောင်ဟာ တပတ်အတွင်း ၂ ကြိမ်မြောက် လှုပ်ရှားမှုတွေ ရှိခဲ့ပြီး ပြာပူတွေ မီတာ လေးထောင်လောက် အမြင့်အထိ မှုတ်ထုတ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းတွေကို အာဏာပိုင်တွေက အနီရောင်အဆင့် အမြင့်ဆုံး သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။

News sources: BBC Burmese




ရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်နှင်ထုတ် ခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်း Facebook Website တွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


Unicode
ရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်နှင်ထုတ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ရွှေ့ပြောင်း အလုပ်သမား တော်တော်များများကို သူတို့နေအိမ်တွေကနေ အာဏာပိုင်တွေက အတင်းအကျပ် နှင်ထုတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဘေဂျင်းမှာ မီးလောင်မှု ဖြစ်ခဲ့လို လူ၁၉ယောက် သေဆုံးခဲ့ပြီးနောက်မှာ အခုလို နှင်ထုတ်တာ ဖြစ်ပါတယ်။
မီးလောင်မှု ဖြစ်ပြီးပြီးချင်းမှာဘဲ မြူနီစပယ် အာဏာပိုင်တွေက မြို့တလွှားမှာ လုံခြုံဘေးအန္တရယ်ကင်းရေး ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဘေးအန္တရာယ်ရှိစေနိုင်ပြီးတရားမဝင် အဆောက်အအုံတွေကနေ လူတွေကို ဖယ်ရှားခဲ့သလို အဲဒီလိုမျိုး အဆောက်အအုံတချို့ကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဘေဂျင်းမြို့က အဆင်းရဲဆုံး လူတွေ နေထိုင်ရာ ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး အခုလို လုပ်ဆောင်ခဲ့တာပါ။
နှင်ထုတ်ခံရတဲ့ ရွှေ့ပြောင်း အလုပ်သမား တချို့ဆိုရင် မိနစ်ပိုင်း အတွင်းအသိပေးပြီး မောင်းထုတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ မြို့တော် အာဏာပိုင် အရာရှိတွေက ပြောပါတယ်။

This article first appeared in ဘီဘီစီမြန်မာပိုင်း news on November 27, 2017 of ဘီဘီစီမြန်မာပိုင်း Website.
We acknowledged © of ဘီဘီစီမြန်မာပိုင်း and thus full credit given to ဘီဘီစီမြန်မာပိုင်း.
We are non-profits volunteers and we only retrieved this news to support all communities in Myanmar who do not know how to get access the news as well as do not have luxuries Medias and only have a phone in theirs hands. 
Reference Link: http://www.bbc.com/burmese/world-42132215
Retrieved Date: November 27, 2017

Friday, November 24, 2017

တောင်တရုတ်ပင်လယ်အတွင်း တရုတ်လေယာဉ်များ ကင်းလှည့်



တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်ရေး လေကြောင်း ကင်းလှည့်ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရက နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။

ဗုံးကြဲလေယာဉ်အမျိုးမျိုးပါတဲ့ လေယာဉ်အုပ်က ပုံမှန်ကင်းလှည့်မှု ပြီးဆုံးပြီလို့လည်း လေတပ်ပြောခွင့်ရ ချန်ကျင်းခေါက ပြောပါတယ်။

ကွမ်ကျိုးပြည်နယ် လေဆိပ်က ပျံတက်လာတဲ့ ဗုံးကြဲလေယာဉ်တွေက မီယာကို ရေလက်ကြားကို ဖြတ်ပြီး ပျံသန်းခဲ့တယ်၊ ကျွန်းစုထဲက ပထမဆုံး ကျွန်းစုတန်းပေါ်ကနေ ဖြတ်ပျံတဲ့ စစ်ဆင်ရေးဖြစ်တယ်၊ H-6K ဗုံးကြဲလေယာဉ်တွေဟာ ဘာရှီရေလက်ကြားကို ဖြတ်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်အပေါ်မှာ ပြန်ပြီး အုပ်ဖွဲ့ပျံသန်းခဲ့တယ်၊ စစ်လေယာဉ်တွေအားလုံး အဲဒီနေ့မှာပဲ သင်တန်းဆင်းပြီး ကင်းလှည့်စစ်ဆင်ရေးလည်း ပြီးဆုံးတယ်လို့ တရုတ်လေတပ် ပြောခွင့်ရက ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်စ်က လေတပ်အနေနဲ့ ပင်လယ်တွေအပေါ်မှာ လေကြောင်းစိန်ခေါ်မှု ဖြစ်နိုင်ချေကို ပိုကောင်းကောင်း ကိုင်တွယ်နိုင်ရေး ကင်းလှည့်ဖို့နဲ့ တိုက်ခိုက်ဖို့အသင့် သင်တန်းပေးဖို့၊ တိုက်ခိုက်ရေးအသားပေး သင်တန်းပေးဖို့ ညွှန်ကြားခဲ့တယ်လို့လည်း လေတပ်ပြောခွင့်ရက ပြောပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဟာ လေပိုင်နက် နယ်ပယ်အားလုံး အပေါ်မှာ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခေတ်မီဗျူဟာကို ပြောင်းလဲကျင့်သုံးနေတယ်၊ လေတပ်ရဲ့ တပ်ဖွဲ့ဝင်စစ်သည် အယောက် လေးသိန်းလုံးက ခေတ်သစ်အတွက် သူတို့တာဝန်ကို စိတ်ထဲမှာ စွဲမှတ်ထားတယ်၊ တိုက်ခိုက်ရေး၊ ကာကွယ်ရေးနဲ့ အင်အားသုံးနိုင်စွမ်းကို တိုးမြှင့်ဖို့ ပိုပြင်းပြင်းထန်ထန် အလုပ်လုပ်နေတယ်၊ ဒါဟာ နိုင်ငံတော်အချုပ်အခြာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုကောင်းကောင်းကာကွယ်ဖို့ပဲလို့လည်း သူက ပြောပါတယ်။

တရုတ်လေတပ်ဟာ ပင်လယ်ပြင်ပျံသန်းမှု ပုံမှန်သင်တန်းတွေကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

News credit: ဒီဗွီဘီ

Photo credit: SCMP

Friday, November 10, 2017

အင်ဒိုနီးရှားမှာ ရွာနှစ်ရွာကို ခွဲထွက်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်




အင်ဒိုနီးရှားမှာ ရွာနှစ်ရွာကို ခွဲထွက်ရေးလက်နက်ကိုင်တွေ သိမ်းပိုက် ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်ထဲမှာရှိတဲ့ အမေရိကန်ပိုင် ကြေးနီသတ္တုမိုင်းအနီးက ရွာနှစ်ရွာကို ခွဲထွက်ရေးသမား လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျေးရွာသား ၁၃၀၀ လောက်ကို လက်နက်ကိုင် သောင်းကျန်းသူ ၂ ဒါဇင်လောက် ဓါးစာခံအဖြစ်နဲ့ ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီသောင်းကျန်းသူတွေဟာ အကြမ်းဖက်မှုတွေ မကြာခဏ လုပ်နေတဲ့အတွက် ပါပူဝါဒေသလွတ်မြောက်ရေး လှုပ်ရှားမှုဆိုပြီး အစိုးရတပ်တွေက နှစ်လကြာရှည် နှိမ်နင်းနေသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဓါးစာခံရွာသားတွေဟာ တယောကစ်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်ရပေမယ့် ထိခိုက်ဒဏ်ရာတော့ မရကြဘူးလို့ ဆိုပါတယ်။ အင်ဒိုနီးရှားလုံခြုံရေးတပ်သား ၇၀၀ လောက်က အဲဒီနေရာကိုဝိုင်းရံပြီး အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on November 10, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/


Retrieved Date: 10/11/2017

အဆိပ်အတောက် မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှု အတွက် နယူးဒေလီမြို့ကို ရေပက်ဖျန်းဖို့ စီစဉ်




အဆိပ်အတောက် မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှု အရေးပေါ်အခြေအနေဆိုက်နေတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရေပက်ဖျန်းဖို့ စီစဉ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နယူးဒေလီမြို့ ပတ်ပတ်လည်က တရားမဝင်စိုက်ခင်းတွေကနေ မီးရှို့မှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးမှိုင်းတွေ၊ မော်တော်ယာဉ်တွေကထွက်တဲ့ မီးခိုးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကထွက်တဲ့ ဖုန်တွေကြောင့် အခုလို လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု အန္တရာယ်ရှိတဲ့အဆင့်ကနေ လျှော့ချနိုင်အောင် မီတာ ၁၀၀ အမြင့်ကနေ ရေပက်ဖျန်းသွားမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန အရာရှိတွေက ပြောပါတယ်။ လူဦးရေ ၂၂ သန်းနေထိုင်တဲ့ နယူးဒေလီမြို့ကို အကျယ်အဝန်း ဘယ်လောက်အတိုင်းအတာအထိ ရေပက်ဖျန်းသွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။



This article first appears in လွတ်လပ်တဲ့ အာရှအသံ news on November 10, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/


Retrieved Date: 10/11/2017

နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး

နိုင်းပရဆစ် ဆိုသူ ထိုင်းအမျိုးသား နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသား တဦး ထိုင်း နိုင်ငံ...