အင်ဒိုနီးရှားမှာ
ရွာနှစ်ရွာကို ခွဲထွက်ရေးလက်နက်ကိုင်တွေ သိမ်းပိုက် ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင်
ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက်
အပြည့်အစုံမှာ ----
အင်ဒိုနီးရှားနိုင်ငံ
ပါပူဝါပြည်နယ်ထဲမှာရှိတဲ့ အမေရိကန်ပိုင် ကြေးနီသတ္တုမိုင်းအနီးက ရွာနှစ်ရွာကို ခွဲထွက်ရေးသမား
လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျေးရွာသား
၁၃၀၀ လောက်ကို လက်နက်ကိုင် သောင်းကျန်းသူ ၂ ဒါဇင်လောက် ဓါးစာခံအဖြစ်နဲ့ ဖမ်းဆီးထားတယ်လို့
အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီသောင်းကျန်းသူတွေဟာ အကြမ်းဖက်မှုတွေ မကြာခဏ လုပ်နေတဲ့အတွက်
ပါပူဝါဒေသလွတ်မြောက်ရေး လှုပ်ရှားမှုဆိုပြီး အစိုးရတပ်တွေက နှစ်လကြာရှည် နှိမ်နင်းနေသူတွေဖြစ်တယ်လို့လည်း
ဆိုပါတယ်။
ဓါးစာခံရွာသားတွေဟာ
တယောကစ်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်ရပေမယ့် ထိခိုက်ဒဏ်ရာတော့ မရကြဘူးလို့ ဆိုပါတယ်။
အင်ဒိုနီးရှားလုံခြုံရေးတပ်သား ၇၀၀ လောက်က အဲဒီနေရာကိုဝိုင်းရံပြီး အခြေအနေကို မျက်ခြေမပြတ်
စောင့်ကြည့်နေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
This article first appears in လွတ်လပ်တဲ့ အာရှအသံ news on November 10, 2017 of လွတ်လပ်တဲ့
အာရှအသံ Facebook Page.
We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့
အာရှအသံ.
We are non-profits volunteers and
we only retrieved this news to support all communities from Myanmar who do not
know how to get access the news and have no luxuries Medias and only have a
phone in theirs hands.
Reference Link:
https://www.facebook.com/rfaburmese/
Retrieved Date: 10/11/2017
No comments:
Post a Comment