Monday, August 6, 2018

နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသားတဦး



ႏိုင္းပရဆစ္ဆုိသူ ထုိင္းအမ်ိဳးသား



နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသားတဦး

ထုိင္းနဳိင္ငံ၊ ၾသဂုတ္လ ၊ ၂၀၁၈

ဇနီး အေယာက္ ၁၂၀ ရွိၿပီး သားသမီး ၂၈ ဦးရွိတဲ့ ထိုင္းအမ်ိဳးသားတေယာက္အေၾကာင္း ခုရက္ပိုင္းေတြအတြင္း ထိုင္းသတင္းမီဒီယာနဲ႔ လူမႈကြန္ရက္ေတြမွာ နာမည္ႀကီးေနေၾကာင္းသိရွိရပါတယ္။

ထိုင္းႏိုင္ငံအလယ္ပိုင္း နခြန္းနာယုဒ္ခ႐ိုင္ နခြန္းနာယုဒ္ၿမိဳ႕ ဖ႐ုမ္းမနီးရပ္ကြက္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႏိုင္းပရဆစ္ ေဆေစြ (အသက္ ၅၈) ႏွစ္ဆိုသူမွာ ဇနီးအေယာက္တရာေက်ာ္ရွိေၾကာင္း သတင္းေတြ ထြက္ေပၚေနတဲ့အတြက္ အမွန္တကယ္ဟုတ္မဟုတ္ AMARIN TV သတင္းေထာက္က နယ္ေျမထဲကြင္းဆင္း သတင္းေထာက္လွမ္းခဲ့ရာမွာ ကာယကံရွင္ကိုယ္တိုင္က ဟုတ္မွန္ေၾကာင္း ဝန္ခံခဲ့တယ္လုိ့လည္း ဆုိပါတယ္။

ႏိုင္းပရဆစ္ဆုိသူ ထုိင္းအမ်ိဳးသားတဦးက သူဟာ အမ်ိဳးသမီး ၁၂၀ ဦးနဲ႔ အိမ္ေထာင္က်ခဲ့ဖူးေၾကာင္း၊ ဒါေပမယ့္ အဲဒီအမ်ိဳးသမီးေတြကို တၿပိဳင္တည္းယူထားတာမဟုတ္ဘဲ တေယာက္ၿပီးမွ တေယာက္ယူကာ လက္ရွိ အသက္ ၂၇ ႏွစ္႐ြယ္ ဇနီးသည္တဦးသာရွိေၾကာင္း သူက သတင္းေထာက္ေတြကို ေျပာပါတယ္။

အခုလို ျမာစြံရတဲ့ လွ်ိဳ႕ဝွက္ခ်က္နဲ႔ အိမ္ေထာင္ဆက္မ်ားရတဲ့ အေၾကာင္းကို ေမးျမန္းရာမွာ ႏိုင္းပရဆစ္က သူဟာ အသက္ ၁၇ ႏွစ္မွာ သူ႔ထက္ ၂ ႏွစ္ငယ္တဲ့ မိန္းကေလးနဲ႔ စတင္အိမ္ေထာင္က်ၿပီး သားသမီး ၃ ေယာက္ ရွိခဲ့ေၾကာင္း၊ သူယူတဲ့အမ်ိဳးသမီးတိုင္းဟာ သူ႔ထက္ငယ္သူေတြ၊ သူ႔စကားနားေထာင္သူေတြသာ ျဖစ္ၿပီး သူ႔ထက္ႀကီးတဲ့ မိန္းမေတြကိုေတာ့ အျငင္းသန္လို႔ မႀကိဳက္ဘူးလို႔ ဆိုပါတယ္။

သူဟာ အမ်ိဳးသမီးေတြေပၚ နားလည္စာနာမႈ၊ အမ်ိဳးသမီးသိကၡာကို ေလးစားမႈ၊ တာဝန္ယူ ေထာက္ပံ့မႈေတြရွိေၾကာင္း၊ သူ႔ရဲ႕ အဓိကအလုပ္ဟာ ေဆာက္လုပ္ေရးပစၥည္း ေရာင္းဝယ္ေရးနဲ႔ ေဆာက္လုပ္ေရး ကန္ထ႐ိုက္တာတဦးလည္း ျဖစ္တာေၾကာင့္ ထိုင္းႏိုင္ငံအႏွံ႔ကို ေရာက္ခဲ့ရၿပီး ေရာက္တဲ့ေနရာတိုင္းလိုလိုမွာ အိမ္ေထာင္က်ခဲ့ကာ သူေနတဲ့ နခြန္းနားယုဒ္ခ႐ိုင္ တခုတည္းမွာတင္ ဇနီး ၂၂ ဦးရွိၿပီး တျခား ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ အေရွ႕ပိုင္း၊ အေနာက္ပိုင္း အားလုံးလိုလိုမွာလည္း ဇနီးေတြရွိေၾကာင္း၊ မရွိတာေတာ့ ေတာင္ပိုင္းတခုပဲ က်န္ေတာ့တယ္လို႔ ႏိုင္းပရဆစ္က ေျပာပါတယ္။

သူနဲ႔ခ်စ္ႀကိဳက္ခဲ့တဲ့ မိန္းကေလးတိုင္းကို သူက လူႀကီးစုံရာနဲ႔ သိကၡာရွိရွိ ေတာင္းရမ္းလက္ထပ္ခဲ့ၿပီး အိုးအိမ္ထူေထာင္ေပးခဲ့ေၾကာင္း၊ သားသမီးေတြကိုလည္း ဝတၱရားမပ်က္ ေကြၽးေမြးေထာက္ပံ့ေနရာမွာ အႀကီးဆုံးသားက အသက္ ၄၀ ႏွစ္အ႐ြယ္ ေဆးတကၠသိုလ္ေက်ာင္းသားတဦးျဖစ္ၿပီး အသက္အငယ္ဆုံးက လက္ရွိဇနီးနဲ႔ရတဲ့ ၃ ႏွစ္အ႐ြယ္ သမီးေလးျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ သူဟာ အဲဒီအမ်ိဳးသမီးေတြနဲ႔ တၿပိဳင္တည္းယူတာမဟုတ္ဘဲ တေယာက္ၿပီးမွ တေယာက္ယူတာျဖစ္ေၾကာင္း၊ ဇနီးခ်င္း ဝန္တိုၿပီး ရန္ျဖစ္တာေတြ ရွိခဲ့ဖူးေပမယ့္ သူေျပာလိုက္ရင္ ၿငိမ္သြားၾကေၾကာင္း၊ သူ႔မွာ အသစ္ေတြ႕ေနၿပီဆိုရင္ ဇနီးေဟာင္းနဲ႔ ေၾကလည္ေအာင္ေဆြးေႏြးကာ အမ်ိဳးသမီးေတြကလည္း သေဘာတူၾကေၾကာင္း၊ တခ်ိဳ႕အမ်ိဳးသမီးေတြလည္း ေနာက္အိမ္ေထာင္ အသီးသီးရွိကုန္ၿပီလို႔ ႏိုင္းပရဆစ္က ေျပာပါတယ္။

သူဟာ အဲဒီအမ်ိဳးသမီးေတြကို တကယ္ခ်စ္ျမတ္ႏိုးခဲ့တာေၾကာင့္ တခါက သူ႔မွာ စီးပြားေရးက်ဆင္းၿပီး လဲၿပိဳမလိုျဖစ္စဥ္ ဇနီးေဟာင္းေတြက ျပန္ၿပီး ဝိုင္းဝန္းေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။

သူ႔အေနနဲ႔ ဇနီးေဟာင္းေတြရဲ႕ နာမည္နဲ႔ ဂုဏ္သိကၡာကို ငဲ့ညႇာၿပီး ဒီကိစၥ ဟိုးေလးတေၾကာ္ မျဖစ္ေစလိုေၾကာင္း၊ သူတို႔ အိမ္ေထာင္ေရးေတြလည္း ထိခိုက္မွာ စိုးရိမ္ေၾကာင္း၊ ဒါေပမယ့္ သူကမွ မရွင္းျပရင္ ေကာလာဟလ မမွန္ကန္မႈေတြပါ ပါလာမွာစိုးလို႔ သတင္းေထာက္ေတြကို ခုလိုေျဖၾကားရတာလို႔ ဆိုပါတယ္။

ခင္ပြန္းသည္ ႏိုင္းပရဆစ္မွာ ေနာက္တေယာက္ထပ္ေတြ႕ရင္ ဘယ္လိုလုပ္မလဲလို႔ လက္ရွိ ဇနီးျဖစ္သူ နမ့္ဖြန္ကို သတင္းေထာက္က ေမးျမန္းရာမွာ သူမက သူ႔ခင္ပြန္း စိတ္ခ်မ္းသာဖို႔သာ အဓိကျဖစ္တယ္လို႔ ေျဖၾကားသြားပါတယ္။

ႏိုင္းပရဆစ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ ရက္ေန႔က သူ႔ရဲ႕ ၅၈ ႏွစ္ျပည့္ ေမြးေန႔အခမ္းအနားကို က်င္းပခဲ့ၿပီး ဇနီးေဟာင္းနဲ႔ သားသမီးေတြပါ လူစုံတက္စုံ တက္ေရာက္ခဲ့ၾကပါတယ္။

ႏိုင္းပရဆစ္အေၾကာင္းကုိ ယေန့ မီဒီယာမ်ားက အျပဳိင္အဆုိင္ ခရစ္ဒစ္မ်ားေပးလွ်က္ ေဖၚျပေနၾကတာကုိလည္းေတြ့ရွိရပါတယ္။

ေလးစားစြာျဖင့္
နွင္းေမာင္
ကုိးကား Reference: ဒီဗြီဘီ၊ Lwin Pyin
Retrieved date: 06/08/2018

Unicode
နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး

ထိုင်းနိုင်ငံ၊ သြဂုတ်လ ၆၊ ၂၀၁၈

ဇနီး အယောက် ၁၂၀ ရှိပြီး သားသမီး ၂၈ ဦးရှိတဲ့ ထိုင်းအမျိုးသားတယောက်အကြောင်း ခုရက်ပိုင်းတွေအတွင်း ထိုင်းသတင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေမှာ နာမည်ကြီးနေကြောင်းသိရှိရပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းနာယုဒ်ခရိုင် နခွန်းနာယုဒ်မြို့ ဖရုမ်းမနီးရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်းပရဆစ် ဆေစွေ (အသက် ၅၈) နှစ်ဆိုသူမှာ ဇနီးအယောက်တရာကျော်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အမှန်တကယ်ဟုတ်မဟုတ် AMARIN TV သတင်းထောက်က နယ်မြေထဲကွင်းဆင်း သတင်းထောက်လှမ်းခဲ့ရာမှာ ကာယကံရှင်ကိုယ်တိုင်က ဟုတ်မှန်ကြောင်း ဝန်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်းပရဆစ်ဆိုသူ ထိုင်းအမျိုးသားတဦးက သူဟာ အမျိုးသမီး ၁၂၀ ဦးနဲ့ အိမ်ထောင်ကျခဲ့ဖူးကြောင်း၊ ဒါပေမယ့် အဲဒီအမျိုးသမီးတွေကို တပြိုင်တည်းယူထားတာမဟုတ်ဘဲ တယောက်ပြီးမှ တယောက်ယူကာ လက်ရှိ အသက် ၂၇ နှစ်ရွယ် ဇနီးသည်တဦးသာရှိကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။

အခုလို မြာစွံရတဲ့ လျှို့ဝှက်ချက်နဲ့ အိမ်ထောင်ဆက်များရတဲ့ အကြောင်းကို မေးမြန်းရာမှာ နိုင်းပရဆစ်က သူဟာ အသက် ၁၇ နှစ်မှာ သူ့ထက် ၂ နှစ်ငယ်တဲ့ မိန်းကလေးနဲ့ စတင်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက် ရှိခဲ့ကြောင်း၊ သူယူတဲ့အမျိုးသမီးတိုင်းဟာ သူ့ထက်ငယ်သူတွေ၊ သူ့စကားနားထောင်သူတွေသာ ဖြစ်ပြီး သူ့ထက်ကြီးတဲ့ မိန်းမတွေကိုတော့ အငြင်းသန်လို့ မကြိုက်ဘူးလို့ ဆိုပါတယ်။

သူဟာ အမျိုးသမီးတွေပေါ် နားလည်စာနာမှု၊ အမျိုးသမီးသိက္ခာကို လေးစားမှု၊ တာဝန်ယူ ထောက်ပံ့မှုတွေရှိကြောင်း၊ သူ့ရဲ့ အဓိကအလုပ်ဟာ ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတဦးလည်း ဖြစ်တာကြောင့် ထိုင်းနိုင်ငံအနှံ့ကို ရောက်ခဲ့ရပြီး ရောက်တဲ့နေရာတိုင်းလိုလိုမှာ အိမ်ထောင်ကျခဲ့ကာ သူနေတဲ့ နခွန်းနားယုဒ်ခရိုင် တခုတည်းမှာတင် ဇနီး ၂၂ ဦးရှိပြီး တခြား ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း အားလုံးလိုလိုမှာလည်း ဇနီးတွေရှိကြောင်း၊ မရှိတာတော့ တောင်ပိုင်းတခုပဲ ကျန်တော့တယ်လို့ နိုင်းပရဆစ်က ပြောပါတယ်။

သူနဲ့ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေးတိုင်းကို သူက လူကြီးစုံရာနဲ့ သိက္ခာရှိရှိ တောင်းရမ်းလက်ထပ်ခဲ့ပြီး အိုးအိမ်ထူထောင်ပေးခဲ့ကြောင်း၊ သားသမီးတွေကိုလည်း ဝတ္တရားမပျက် ကျွေးမွေးထောက်ပံ့နေရာမှာ အကြီးဆုံးသားက အသက် ၄၀ နှစ်အရွယ် ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး အသက်အငယ်ဆုံးက လက်ရှိဇနီးနဲ့ရတဲ့ ၃ နှစ်အရွယ် သမီးလေးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဟာ အဲဒီအမျိုးသမီးတွေနဲ့ တပြိုင်တည်းယူတာမဟုတ်ဘဲ တယောက်ပြီးမှ တယောက်ယူတာဖြစ်ကြောင်း၊ ဇနီးချင်း ဝန်တိုပြီး ရန်ဖြစ်တာတွေ ရှိခဲ့ဖူးပေမယ့် သူပြောလိုက်ရင် ငြိမ်သွားကြကြောင်း၊ သူ့မှာ အသစ်တွေ့နေပြီဆိုရင် ဇနီးဟောင်းနဲ့ ကြေလည်အောင်ဆွေးနွေးကာ အမျိုးသမီးတွေကလည်း သဘောတူကြကြောင်း၊ တချို့အမျိုးသမီးတွေလည်း နောက်အိမ်ထောင် အသီးသီးရှိကုန်ပြီလို့ နိုင်းပရဆစ်က ပြောပါတယ်။

သူဟာ အဲဒီအမျိုးသမီးတွေကို တကယ်ချစ်မြတ်နိုးခဲ့တာကြောင့် တခါက သူ့မှာ စီးပွားရေးကျဆင်းပြီး လဲပြိုမလိုဖြစ်စဉ် ဇနီးဟောင်းတွေက ပြန်ပြီး ဝိုင်းဝန်းထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဇနီးဟောင်းတွေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီး ဒီကိစ္စ ဟိုးလေးတကြော် မဖြစ်စေလိုကြောင်း၊ သူတို့ အိမ်ထောင်ရေးတွေလည်း ထိခိုက်မှာ စိုးရိမ်ကြောင်း၊ ဒါပေမယ့် သူကမှ မရှင်းပြရင် ကောလာဟလ မမှန်ကန်မှုတွေပါ ပါလာမှာစိုးလို့ သတင်းထောက်တွေကို ခုလိုဖြေကြားရတာလို့ ဆိုပါတယ်။

ခင်ပွန်းသည် နိုင်းပရဆစ်မှာ နောက်တယောက်ထပ်တွေ့ရင် ဘယ်လိုလုပ်မလဲလို့ လက်ရှိ ဇနီးဖြစ်သူ နမ့်ဖွန်ကို သတင်းထောက်က မေးမြန်းရာမှာ သူမက သူ့ခင်ပွန်း စိတ်ချမ်းသာဖို့သာ အဓိကဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

နိုင်းပရဆစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က သူ့ရဲ့ ၅၈ နှစ်ပြည့် မွေးနေ့အခမ်းအနားကို ကျင်းပခဲ့ပြီး ဇနီးဟောင်းနဲ့ သားသမီးတွေပါ လူစုံတက်စုံ တက်ရောက်ခဲ့ကြပါတယ်။

နိုင်းပရဆစ်အကြောင်းကို ယနေ့ မီဒီယာများက အပြိုင်အဆိုင် ခရစ်ဒစ်များပေးလျှက် ဖေါ်ပြနေကြတာကိုလည်းတွေ့ရှိရပါတယ်။

လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: ဒီဗွီဘီ၊ Lwin Pyin
Retrieved date: 06/08/2018
အျပည့္အစုံဖတ္ရန္
http://truenewsworldwideblogger.blogspot.com/2018/08/blog-post_6.html

Sunday, August 5, 2018

ထုိင္းႏုိင္ငံမွာ အေထာက္အထားမဲ့ ျမန္မာလုပ္သား ၃၀၀ ခန္႔ ဖမ္းဆီးခံရ




 ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသား အလုပ္သမားေတြကို ေတြ႔ရစဥ္
 


ထုိင္းႏုိင္ငံမွာ အေထာက္အထားမဲ့ ျမန္မာလုပ္သား ၃၀၀ ခန္႔ ဖမ္းဆီးခံရ

ထုိင္းႏုိင္ငံ၊ ၾသဂုတ္လ ၊ ၂၀၁၈

ထုိင္းႏုိင္ငံမွာ ေလးရက္အတြင္း အေထာက္အထားမဲ့ ျမန္မာအလုပ္သမား ၃၀၀ ခန္႔ ဖမ္းဆီးခံခဲ့ရေၾကာင္း RFA သတင္းေဖၚျပခ်က္အရသိရွိရပါတယ္

ဖမ္းမိတဲ့ အလုပ္သမားေတြကို ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္အရ ျမန္မာႏုိင္ငံကို ျပန္ပုိ႔ေပးတာျဖစ္တယ္လို႔ အလုပ္သမား သံအရာရွိ ဦးစန္းေမာင္ဦးက ေျပာပါတယ္။

"ဖမ္းတာေပါ့။ သူတုိ႔က လက္မဲ့ျဖစ္ေနတာ။ ၂ ႏုိင္ငံအေနနဲ႔ ျပန္ပို႔ေပးေနတယ္။ မေန႔ကတုန္းက မဲေဆာက္မွာ ထုိင္းႏုိင္ငံ အလယ္ပိုင္းထဲက ကားေတြေရာပါသြားေတာ့ ဒီတစ္ပတ္ ေသာၾကာမွာ ၃၀၀ ေလာက္ျဖစ္တယ္။ ဒါကေတာ့ပံုမွန္ပဲ။ က်ေနာ္တုိ႔ ဟုိဘက္ကို လႊဲေပးတာေလ။ သူ႔ႏုိင္ငံဥပေဒအရေတာ့ သူ႔ကို တရားမ၀င္ အလုပ္သမား ခန္႔အပ္ျခင္း မရွိေစေရးအတြက္ အလုပ္ရွင္ေရာ အလုပ္သမားကိုေရာ အေရးယူမွာပဲ။ ျပန္ၿပီး လႊဲေပးလိုက္တာ။ က်ေနာ္တုိ႔က ၂ ႏိုင္ငံ ညွိထားတာဆုိေတာ့ က်ေနာ္တုိ႔ကေတာ့ ဘာပဲျဖစ္ျဖစ္ ျပန္လက္ခံတယ္။ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရး အရေလ"

ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ကေန ၾသဂုတ္လ ၃ရက္ေန႔အထိ ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိတဲ့ ျမန္မာအလုပ္သမား အေရအတြက္ ျဖစ္ပါတယ္။

ထုိင္းအာဏာပိုင္ေတြက အလုပ္ရံုေတြကို ၀င္ေရာက္စစ္ေဆးတဲ့အခါ အေထာက္အထားမဲ့ လုပ္ကိုင္ေနသူေတြကို ဖမ္းမိတာရွိသလို တခ်ဳိ႕ကလည္း သက္တမ္းကုန္ေနတဲ့ အေထာက္အထားေတြ ကိုင္ေဆာင္ထားလို႔ ဖမ္းခံရတာ ေတြလည္း ရွိတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ျပည္၀င္ခြင့္ ဗီဇာအတုေတြရွိေနတာေၾကာင့္ တရား၀င္ဗီဇာနဲ႔ လာေရာက္သူေတြအေနနဲ႔ ထုိင္းႏုိင္ငံသံရံုးမွာ ကိုယ္တုိင္ေလွ်ာက္ထားဖို႔ လုိအပ္တယ္လို႔လည္း ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံရံုး က သတိေပးထုတ္ျပန္ထားပါတယ္။

ထိုင္းႏုိင္ငံမွာ တရားမ၀င္ လာေရာက္လုပ္ကိုင္ေနတဲ့ ျပည္ပႏုိင္ငံသားေတြကို ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး စီမံခ်က္နဲ႔ ဖမ္းဆီးေနတာျဖစ္ေၾကာင္း ယေန့ RFA သတင္းေဖၚျပခ်က္အရသိရွိရပါတယ္။

ေလးစားစြာျဖင့္
နွင္းေမာင္
ကိုးကား Reference: RFA News
Reference link: https://www.rfa.org/burmese/news/illegal-workers-in-thai-08052018090251.html
Retrieved date: 05/08/2018

Unicode
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ဝ ခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ သြဂုတ်လ ၅၊ ၂၀၁၈

ထိုင်းနိုင်ငံမှာ လေးရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ဝ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း RFA သတင်းဖေါ်ပြချက်အရသိရှိရပါတယ်။

ဖမ်းမိတဲ့ အလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံကို ပြန်ပို့ပေးတာဖြစ်တယ်လို့ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

"ဖမ်းတာပေါ့။ သူတို့က လက်မဲ့ဖြစ်နေတာ။ ၂ နိုင်ငံအနေနဲ့ ပြန်ပို့ပေးနေတယ်။ မနေ့ကတုန်းက မဲဆောက်မှာ ထိုင်းနိုင်ငံ အလယ်ပိုင်းထဲက ကားတွေရောပါသွားတော့ ဒီတစ်ပတ် သောကြာမှာ ၃၀ဝ လောက်ဖြစ်တယ်။ ဒါကတော့ပုံမှန်ပဲ။ ကျနော်တို့ ဟိုဘက်ကို လွှဲပေးတာလေ။ သူ့နိုင်ငံဥပဒေအရတော့ သူ့ကို တရားမဝင် အလုပ်သမား ခန့်အပ်ခြင်း မရှိစေရေးအတွက် အလုပ်ရှင်ရော အလုပ်သမားကိုရော အရေးယူမှာပဲ။ ပြန်ပြီး လွှဲပေးလိုက်တာ။ ကျနော်တို့က ၂ နိုင်ငံ ညှိထားတာဆိုတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ပြန်လက်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး အရလေ"

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၃ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား အရေအတွက် ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက အလုပ်ရုံတွေကို ဝင်ရောက်စစ်ဆေးတဲ့အခါ အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဖမ်းမိတာရှိသလို တချို့ကလည်း သက်တမ်းကုန်နေတဲ့ အထောက်အထားတွေ ကိုင်ဆောင်ထားလို့ ဖမ်းခံရတာ တွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ဝင်ခွင့် ဗီဇာအတုတွေရှိနေတာကြောင့် တရားဝင်ဗီဇာနဲ့ လာရောက်သူတွေအနေနဲ့ ထိုင်းနိုင်ငံသံရုံးမှာ ကိုယ်တိုင်လျှောက်ထားဖို့ လိုအပ်တယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သတိပေးထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး စီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်ကြောင်း ယနေ့ RFA သတင်းဖေါ်ပြချက်အရသိရှိရပါတယ်။

လေးစားစွာဖြင့်
နှင်းမောင်
ကိုးကား Reference: RFA News
Retrieved date: 05/08/2018

Saturday, August 4, 2018

ကာလေပါက္ေစ်း ထိုင္းဘတ္ေငြသန္းေပါင္း ၂,၀၀၀ ေက်ာ္ရွိ ျမန္မာမူးယစ္ေဆးေတြ ထိုင္းနယ္စပ္မွာ ဖမ္းမိ




Photo Credit Courtesy Image
 


ကာလေပါက္ေစ်း ထိုင္းဘတ္ေငြသန္းေပါင္း ၂,၀၀၀ ေက်ာ္ရွိ ျမန္မာမူးယစ္ေဆးေတြ ထိုင္းနယ္စပ္မွာ ဖမ္းမိ

နဳိင္ငံတကာ၊ ၾသဂုတ္ ၂၀၁၈

ျမန္မာႏိုင္ငံ ဝ ေဒသ ေတာင္ပိုင္းမွာ ထုတ္လုပ္တယ္ဆိုတဲ့ စိတ္ႂကြေဆးျပား ၅ သန္းနီးပါးနဲ႔အတူ ice လို႔ေခၚတဲ့ မူယစ္ေဆးေတြကို ထိုင္းျမန္မာနယ္စပ္မွာ ထိုင္းအာဏာပိုင္ေတြ ဒီကေန႔ စေနေန႔မွာပဲ ဖမ္းဆီးမိလိုက္ေၾကာင္းသိရွိရပါတယ္။ ထိုင္းႏိုင္ငံမွာ မူးယစ္ေဆးတိုက္ဖ်က္ေရး စီမံကိန္းေတြ တင္းတင္းၾကပ္ၾကပ္ ျပဳလုပ္ေနခ်ိန္မွာ အခုေနာက္ဆံုး ကာလေပါက္ေစ်း ထိုင္းဘတ္ေငြ သန္းေပါင္း ၂,၀၀၀ ေက်ာ္ဖိုးစိတ္ႂကြေဆးျပား ၅ သန္းနီးပါး နဲ႔ ice မူးယစ္ေဆး ကီလို ၁,၀၀၀ ကို ဖမ္းဆီးမိလိုက္တာ ျဖစ္ေၾကာင္းသိရပါတယ္။

ျဖစ္စဥ္မွာ-
ၾသဂုုတ္လ (၄) ရက္ မနက္ႏွစ္နာရီအခ်ိန္မွာ ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္ျပည္ နယ္၊ ထုန္ေတာခ႐ိုင္ လမ္းအမွတ္ ၁,၁၅၅ မွာ နယ္ျခားေစာင့္ စစ္ေဆးေရးဂိတ္ ခ်ၿပီး ကားေတြစစ္ေဆးေနခ်ိန္ မူးယစ္ေဆးဝါးေတြ သယ္လာတဲ့ ကားငယ္ႏွစ္စီးက စစ္တပ္ကင္းကိုေတြ႔ၿပီး လာလမ္းအတိုင္း ျပန္လွည့္ေမာင္းေျပးခဲ့တာကုိ စစ္တပ္အဖြဲ႔ဝင္ေတြက ကားကို ဖမ္းဆီးရာမွာ စိတ္ႂကြေဆးေတြ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

အမွတ္ ၃ စစ္ေဒသ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးနဲ႔ မႈခင္း က်ဆင္းေရးဌာနက တာဝန္ရွိသူ ဗိုလ္ခ်ဳပ္ ခ်ေလာင္ခ်ဳိင္းက သတင္းေထာက္ေတြကို ေအာက္ပါအတုိင္း ရွင္းျပခဲ့ပါတယ္။

ကားတစီးကေတာ့ လိုက္လံဖမ္းဆီးရင္းနဲ႔ လမ္းေဘးကို ထိုးက်သြားခဲ့ၿပီး အဲဒီကားေပၚမွာ စိတ္ႂကြေဆးေတြကို ဆာလာအိတ္ ၄၄ အိတ္နဲ႔ ထုတ္ပိုးထားပါတယ္။ ေနာက္ကားတစီးမွာေတာ့ စိတ္ႂကြေဆးေတြကို ဆာလာအိတ္ ၂၃ အိတ္ထဲမွာ ထုတ္ပုိးထားခဲ့တာပါကား ၂ စီးလံုးထဲကေန ice လို ့ေခၚတဲ့ မူးယစ္ေဆး ကီလို ၁,၀၀၀ ကို ဖမ္းမိခဲ့တာျဖစ္ျပီး စိတ္ႂကြေဆးေတြကေတာ့ ၉၉၉ တံဆိပ္ေတြျဖစ္ၿပီး ၀ေတာင္ပုိင္းထုတ္ ေဆးေတြျဖစ္ေၾကာင္း ေျပာပါတယ္။

အခုဆိုရင္ ထုိင္းႏုိင္ငံတ၀ွမ္းလံုးမွာ ေရႊႀကိဂံေဒသကေန လာေနတဲ့မူးယစ္ေဆးေတြနဲ႔ ထုိင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္ခ႐ိုင္ထဲက လာတဲ့ စိတ္ႂကြေဆး အလံုးေရေပါင္း ၇၅ သန္းထက္မနည္း ဒီလပိုင္းေတြအတြင္း ခပ္စိတ္စိတ္ ဖမ္းဆီးမိေနတာျဖစ္ေၾကာင္း၊ ဒါဟာ ထိုင္းအစိုးရအေနနဲ႔ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးကို ျပင္းျပင္းထန္ထန္ လုပ္ေဆာင္ေနတာ ျဖစ္သလို သက္ဆိုင္ရာနယ္ေျမအလိုက္ အာဏာပိုင္ေတြက ပူးေပါင္း ေဆာင္ရြက္ၾကတာေၾကာင့္လည္း အခုလို ဖမ္းဆီးႏိုင္တာျဖစ္ေၾကာင္းကိုလည္း ထိုင္းအာဏာပိုင္ေတြက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားေၾကာင္း သိရွိရပါတယ္။

ေလးစားစြာျဖင့္
နဳိင္ျမန္မာ (ၾသစေၾတလွ်)
Naing Myanmar/ Australia
ကုိးကား Reference: VOA News

Unicode
ကာလပေါက်ဈေး ထိုင်းဘတ်ငွေသန်းပေါင်း ၂,ဝ၀ဝ ကျော်ရှိ မြန်မာ မူးယစ်ဆေးတွေ ထိုင်းနယ်စပ်မှာ ဖမ်းမိ

နိုင်ငံတကာ၊ သြဂုတ် ၄၊ ၂၀၁၈

မြန်မာနိုင်ငံ ဝ ဒေသ တောင်ပိုင်းမှာ ထုတ်လုပ်တယ်ဆိုတဲ့ စိတ်ကြွဆေးပြား ၅ သန်းနီးပါးနဲ့အတူ ice လို့ခေါ်တဲ့ မူယစ်ဆေးတွေကို ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းအာဏာပိုင်တွေ ဒီကနေ့ စနေနေ့မှာပဲ ဖမ်းဆီးမိလိုက်ကြောင်းသိရှိရပါတယ်။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံကိန်းတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်နေချိန်မှာ အခုနောက်ဆုံး ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်းပေါင်း ၂,ဝ၀ဝ ကျော်ဖိုးစိတ်ကြွဆေးပြား ၅ သန်းနီးပါး နဲ့ ice မူးယစ်ဆေး ကီလို ၁,ဝ၀ဝ ကို ဖမ်းဆီးမိလိုက်တာ ဖြစ်ကြောင်းသိရပါတယ်။

ဖြစ်စဉ်မှာ-
သြဂုတ်လ (၄) ရက် မနက်နှစ်နာရီအချိန်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည် နယ်၊ ထုန်တောခရိုင် လမ်းအမှတ် ၁,၁၅၅ မှာ နယ်ခြားစောင့် စစ်ဆေးရေးဂိတ် ချပြီး ကားတွေစစ်ဆေးနေချိန် မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ကားငယ်နှစ်စီးက စစ်တပ်ကင်းကိုတွေ့ပြီး လာလမ်းအတိုင်း ပြန်လှည့်မောင်းပြေးခဲ့တာကို စစ်တပ်အဖွဲ့ဝင်တွေက ကားကို ဖမ်းဆီးရာမှာ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အမှတ် ၃ စစ်ဒေသ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ မှုခင်း ကျဆင်းရေးဌာနက တာဝန်ရှိသူ ဗိုလ်ချုပ် ချလောင်ချိုင်းက သတင်းထောက်တွေကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်။

ကားတစီးကတော့ လိုက်လံဖမ်းဆီးရင်းနဲ့ လမ်းဘေးကို ထိုးကျသွားခဲ့ပြီး အဲဒီကားပေါ်မှာ စိတ်ကြွဆေးတွေကို ဆာလာအိတ် ၄၄ အိတ်နဲ့ ထုတ်ပိုးထားပါတယ်။ နောက်ကားတစီးမှာတော့ စိတ်ကြွဆေးတွေကို ဆာလာအိတ် ၂၃ အိတ်ထဲမှာ ထုတ်ပိုးထားခဲ့တာပါ၊ ကား ၂ စီးလုံးထဲကနေ ice လို့ခေါ်တဲ့ မူးယစ်ဆေး ကီလို ၁,ဝ၀ဝ ကို ဖမ်းမိခဲ့တာဖြစ်ပြီး စိတ်ကြွဆေးတွေကတော့ ၉၉၉ တံဆိပ်တွေဖြစ်ပြီး ဝတောင်ပိုင်းထုတ် ဆေးတွေဖြစ်ကြောင်း ပြောပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ရွှေကြိဂံဒေသကနေ လာနေတဲ့မူးယစ်ဆေးတွေနဲ့ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်ထဲက လာတဲ့ စိတ်ကြွဆေး အလုံးရေပေါင်း ၇၅ သန်းထက်မနည်း ဒီလပိုင်းတွေအတွင်း ခပ်စိတ်စိတ် ဖမ်းဆီးမိနေတာဖြစ်ကြောင်း၊ ဒါဟာ ထိုင်းအစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာ ဖြစ်သလို သက်ဆိုင်ရာနယ်မြေအလိုက် အာဏာပိုင်တွေက ပူးပေါင်း ဆောင်ရွက်ကြတာကြောင့်လည်း အခုလို ဖမ်းဆီးနိုင်တာဖြစ်ကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားကြောင်း သိရှိရပါတယ်။

လေးစားစွာဖြင့်
နိုင်မြန်မာ (သြစတြေလျှ)
Naing Myanmar/ Australia
ကိုးကား Reference: VOA News

နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသားတဦး

ႏိုင္းပရဆစ္ ဆုိသူ ထုိင္းအမ်ိဳးသား နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသား တဦး ထုိင္း နဳိင္ငံ...