ရိုဟင်ဂျာက
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို သတ်ဖြတ်ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင်
ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက်
အပြည့်အစုံမှာ ----
ကော့ဇ်ဘဇားဒေသမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်ကို ရိုဟင်ဂျာတစ်ဦးက စနေနေ့မှာ ဓါးနဲ့ခုတ်သတ်လိုက်ပါတယ်။
ကော့ဇ်ဘဇားခရိုင် ရဲအရာရှိတစ်ဦးက မိသားစု အချင်းများရာကနေ အခုလို လူသတ်မှုဖြစ်ပွားခဲ့ကြောင်း၊
ရိုဟင်ဂျာတွေ ရောက်လာပြီးနောက်ပိုင်း ရာဇဝတ်မှုတွေ သိသိသာသာ ထူပြောလာကြောင်းနဲ့ လုံခြုံရေးတိုးချဲ့ချထားကြောင်း
ပြောပါတယ်။
အဲဒီ
ကော့ဇ်ဘဇားခရိုင်က တက်နပ်ဖ် နဲ့ အူကီးယာ မြို့ ၂ မြို့မှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့
ဒေသခံ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေအကြား တင်းမာမှုတွေ တိုးပွားနေပါတယ်။
ဒေသမှာရှိတဲ့
ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရိုဟင်ဂျာတွေက ဝင်ရောက်နေရာယူလာကြကြောင်း၊ သူတို့က
ဒေသခံတွေထက် ပိုမိုလုပ်ကိုင်နိုင်ပြီး လုပ်ခလည်းနည်းနည်းပဲပေးဖို့လိုကြောင်း၊ အခုဆိုရင်
ငါးဖမ်းလုပ်သား အများစုဟာ ရိုဟင်ဂျာတွေဖြစ်နေကြောင်း ငှားဖမ်းစက်လှေပိုင်ရှင်တစ်ဦးက
ပြောပါတယ်။
ဒါ့အပြင်
ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ရောက်ရှိလာပြီးနောက် ကုန်ဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ခတွေလည်း
တက်လာတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 29, 2017 of လွတ်လပ်တဲ့
အာရှအသံ Facebook Page.
We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့
အာရှအသံ.
We are non-profits volunteers and
we only retrieved this news to support all communities from Myanmar who do not
know how to get access the news and have no luxuries Medias and only have a
phone in theirs hands.
Reference Link:
https://www.facebook.com/rfaburmese/
Retrieved Date: 29/10/2017
No comments:
Post a Comment