Sunday, October 29, 2017

ရိုဟင်ဂျာတွေ သားကြောဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်




ရိုဟင်ဂျာတွေ သားကြောဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ် ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင် ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။

၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ ----


ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိမိဆန္ဒအလျောက် သားသမီးမလိုချင်သူတွေကို သားကြောဖြတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေကြောင်း သတင်းရပါတယ်။

ဒေသခံ ကျန်းမာရေး အရာရှိတွေက အဲဒီ စခန်းတွေမှာ လူအဆမတန်များပြားပြီး ကလေးမွေးနှုန်းမြင့်မားနေကြောင်း၊ သူတို့ကို ကွန်ဒုံးအစွပ်တွေ သုံးစွဲဖို့ဝေငှတာလည်း အောင်မြင်ခြင်းမရှိကြောင်း၊ တချို့မိသားစုတွေမှာ ကလေး ၁၉ ယောက် အထိရှိကြောင်း၊ ရိုဟင်ဂျာယောင်္ကျား အမြောက်အများဟာ တစ်ဦးကို ဇနီးမယားတယောက်ထက်မက ပိုယူထားကြကြောင်း၊ သားဆက်ခြားရေးအတွက် အရင်ကကြိုးစားမှုတွေ အောင်မြင်ခြင်းမရှိတဲ့အတွက် အခုလို သားကြောဖြတ်ရေးစီမံချက်ကို စီစဉ်တာဖြစ်ကြောင်း ပြောပါတယ်။
အခုအစီအစဉ် အရ ရိုဟင်ဂျာ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ သားကြောဖြတ်မယ့် စီမံချက်ကို အစိုးရထံ တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ သိပ်ပြီးအောင်မြင်ဖို့ မလွယ်ကြောင်း၊ ရိုဟင်ဂျာအများအပြားက အိမ်ထောင်စုတစ်ခုမှာ သားသမီးများများရှိမှ သူတို့မိသားစု ပိုမိုအင်အားတောင့်တင်းမယ်လို့ ယူဆကြသလို သားသမီးရရှိရေး တားဆီးတဲ့ကိစ္စဟာ အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်တယ်လို့ ယုံကြည်နေသူတွေလည်းရှိကြောင်း သားဆက်ခြားရေးဆိုင်ရာ ဒေသခံ အရာရှိတစ်ဦးက ပြောပါတယ်။

This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 29, 2017 of လွတ်လပ်တဲ့ အာရှအသံ Facebook Page.

We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့ အာရှအသံ.

We are non-profits volunteers and we only retrieved this news to support all communities from Myanmar who do not know how to get access the news and have no luxuries Medias and only have a phone in theirs hands.

Reference Link: https://www.facebook.com/rfaburmese/


Retrieved Date: 29/10/2017

No comments:

Post a Comment

နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသားတဦး

နိုင်းပရဆစ် ဆိုသူ ထိုင်းအမျိုးသား နာမည်ကြီးနေတဲ့ မိန်းမ ၁၂၀ ယူခဲ့ပြီး ကလေး ၂၈ ယောက်ရှိတဲ့ အမျိုးသား တဦး ထိုင်း နိုင်ငံ...