Photo
Credit Courtesy
Image
ကာလေပါက္ေစ်း
ထိုင္းဘတ္ေငြသန္းေပါင္း ၂,၀၀၀ ေက်ာ္ရွိ ျမန္မာမူးယစ္ေဆးေတြ
ထိုင္းနယ္စပ္မွာ ဖမ္းမိ
နဳိင္ငံတကာ၊
ၾသဂုတ္ ၄၊ ၂၀၁၈
ျမန္မာႏိုင္ငံ
ဝ ေဒသ ေတာင္ပိုင္းမွာ ထုတ္လုပ္တယ္ဆိုတဲ့ စိတ္ႂကြေဆးျပား ၅ သန္းနီးပါးနဲ႔အတူ ice
လို႔ေခၚတဲ့ မူယစ္ေဆးေတြကို ထိုင္းျမန္မာနယ္စပ္မွာ ထိုင္းအာဏာပိုင္ေတြ ဒီကေန႔
စေနေန႔မွာပဲ ဖမ္းဆီးမိလိုက္ေၾကာင္းသိရွိရပါတယ္။ ထိုင္းႏိုင္ငံမွာ မူးယစ္ေဆးတိုက္ဖ်က္ေရး
စီမံကိန္းေတြ တင္းတင္းၾကပ္ၾကပ္ ျပဳလုပ္ေနခ်ိန္မွာ အခုေနာက္ဆံုး ကာလေပါက္ေစ်း ထိုင္းဘတ္ေငြ
သန္းေပါင္း ၂,၀၀၀ ေက်ာ္ဖိုးစိတ္ႂကြေဆးျပား ၅ သန္းနီးပါး နဲ႔ ice
မူးယစ္ေဆး ကီလို ၁,၀၀၀ ကို ဖမ္းဆီးမိလိုက္တာ ျဖစ္ေၾကာင္းသိရပါတယ္။
ျဖစ္စဥ္မွာ-
ၾသဂုုတ္လ
(၄) ရက္ မနက္ႏွစ္နာရီအခ်ိန္မွာ ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္ျပည္ နယ္၊ ထုန္ေတာခ႐ိုင္
လမ္းအမွတ္ ၁,၁၅၅ မွာ နယ္ျခားေစာင့္ စစ္ေဆးေရးဂိတ္ ခ်ၿပီး ကားေတြစစ္ေဆးေနခ်ိန္
မူးယစ္ေဆးဝါးေတြ သယ္လာတဲ့ ကားငယ္ႏွစ္စီးက စစ္တပ္ကင္းကိုေတြ႔ၿပီး လာလမ္းအတိုင္း ျပန္လွည့္ေမာင္းေျပးခဲ့တာကုိ
စစ္တပ္အဖြဲ႔ဝင္ေတြက ကားကို ဖမ္းဆီးရာမွာ စိတ္ႂကြေဆးေတြ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။
အမွတ္
၃ စစ္ေဒသ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးနဲ႔ မႈခင္း က်ဆင္းေရးဌာနက တာဝန္ရွိသူ ဗိုလ္ခ်ဳပ္
ခ်ေလာင္ခ်ဳိင္းက သတင္းေထာက္ေတြကို ေအာက္ပါအတုိင္း ရွင္းျပခဲ့ပါတယ္။
ကားတစီးကေတာ့
လိုက္လံဖမ္းဆီးရင္းနဲ႔ လမ္းေဘးကို ထိုးက်သြားခဲ့ၿပီး အဲဒီကားေပၚမွာ စိတ္ႂကြေဆးေတြကို
ဆာလာအိတ္ ၄၄ အိတ္နဲ႔ ထုတ္ပိုးထားပါတယ္။ ေနာက္ကားတစီးမွာေတာ့ စိတ္ႂကြေဆးေတြကို ဆာလာအိတ္
၂၃ အိတ္ထဲမွာ ထုတ္ပုိးထားခဲ့တာပါ၊ ကား ၂ စီးလံုးထဲကေန ice လို
့ေခၚတဲ့ မူးယစ္ေဆး ကီလို ၁,၀၀၀ ကို ဖမ္းမိခဲ့တာျဖစ္ျပီး စိတ္ႂကြေဆးေတြကေတာ့
၉၉၉ တံဆိပ္ေတြျဖစ္ၿပီး ၀ေတာင္ပုိင္းထုတ္ ေဆးေတြျဖစ္ေၾကာင္း ေျပာပါတယ္။
အခုဆိုရင္
ထုိင္းႏုိင္ငံတ၀ွမ္းလံုးမွာ ေရႊႀကိဂံေဒသကေန လာေနတဲ့မူးယစ္ေဆးေတြနဲ႔ ထုိင္းျမန္မာနယ္စပ္
ခ်င္း႐ိုင္ခ႐ိုင္ထဲက လာတဲ့ စိတ္ႂကြေဆး အလံုးေရေပါင္း ၇၅ သန္းထက္မနည္း ဒီလပိုင္းေတြအတြင္း
ခပ္စိတ္စိတ္ ဖမ္းဆီးမိေနတာျဖစ္ေၾကာင္း၊ ဒါဟာ ထိုင္းအစိုးရအေနနဲ႔ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးကို ျပင္းျပင္းထန္ထန္
လုပ္ေဆာင္ေနတာ ျဖစ္သလို သက္ဆိုင္ရာနယ္ေျမအလိုက္ အာဏာပိုင္ေတြက ပူးေပါင္း ေဆာင္ရြက္ၾကတာေၾကာင့္လည္း
အခုလို ဖမ္းဆီးႏိုင္တာျဖစ္ေၾကာင္းကိုလည္း ထိုင္းအာဏာပိုင္ေတြက သတင္းစာ ရွင္းလင္းပြဲမွာ
ေျပာဆိုသြားေၾကာင္း သိရွိရပါတယ္။
ေလးစားစြာျဖင့္
နဳိင္ျမန္မာ
(ၾသစေၾတလွ်)
Naing
Myanmar/ Australia
ကုိးကား Reference: VOA
News
Unicode
ကာလပေါက်ဈေး
ထိုင်းဘတ်ငွေသန်းပေါင်း ၂,ဝ၀ဝ ကျော်ရှိ မြန်မာ မူးယစ်ဆေးတွေ ထိုင်းနယ်စပ်မှာ ဖမ်းမိ
နိုင်ငံတကာ၊
သြဂုတ် ၄၊ ၂၀၁၈
မြန်မာနိုင်ငံ
ဝ ဒေသ တောင်ပိုင်းမှာ ထုတ်လုပ်တယ်ဆိုတဲ့ စိတ်ကြွဆေးပြား ၅ သန်းနီးပါးနဲ့အတူ ice လို့ခေါ်တဲ့
မူယစ်ဆေးတွေကို ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းအာဏာပိုင်တွေ ဒီကနေ့ စနေနေ့မှာပဲ ဖမ်းဆီးမိလိုက်ကြောင်းသိရှိရပါတယ်။
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံကိန်းတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်နေချိန်မှာ
အခုနောက်ဆုံး ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်းပေါင်း ၂,ဝ၀ဝ ကျော်ဖိုးစိတ်ကြွဆေးပြား
၅ သန်းနီးပါး နဲ့ ice မူးယစ်ဆေး ကီလို ၁,ဝ၀ဝ ကို ဖမ်းဆီးမိလိုက်တာ
ဖြစ်ကြောင်းသိရပါတယ်။
ဖြစ်စဉ်မှာ-
သြဂုတ်လ
(၄) ရက် မနက်နှစ်နာရီအချိန်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည် နယ်၊ ထုန်တောခရိုင်
လမ်းအမှတ် ၁,၁၅၅ မှာ နယ်ခြားစောင့် စစ်ဆေးရေးဂိတ် ချပြီး ကားတွေစစ်ဆေးနေချိန်
မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ကားငယ်နှစ်စီးက စစ်တပ်ကင်းကိုတွေ့ပြီး လာလမ်းအတိုင်း ပြန်လှည့်မောင်းပြေးခဲ့တာကို
စစ်တပ်အဖွဲ့ဝင်တွေက ကားကို ဖမ်းဆီးရာမှာ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အမှတ် ၃ စစ်ဒေသ
မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ မှုခင်း ကျဆင်းရေးဌာနက တာဝန်ရှိသူ ဗိုလ်ချုပ် ချလောင်ချိုင်းက
သတင်းထောက်တွေကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်။
ကားတစီးကတော့
လိုက်လံဖမ်းဆီးရင်းနဲ့ လမ်းဘေးကို ထိုးကျသွားခဲ့ပြီး အဲဒီကားပေါ်မှာ စိတ်ကြွဆေးတွေကို
ဆာလာအိတ် ၄၄ အိတ်နဲ့ ထုတ်ပိုးထားပါတယ်။ နောက်ကားတစီးမှာတော့ စိတ်ကြွဆေးတွေကို ဆာလာအိတ်
၂၃ အိတ်ထဲမှာ ထုတ်ပိုးထားခဲ့တာပါ၊ ကား ၂ စီးလုံးထဲကနေ ice လို့ခေါ်တဲ့
မူးယစ်ဆေး ကီလို ၁,ဝ၀ဝ ကို ဖမ်းမိခဲ့တာဖြစ်ပြီး စိတ်ကြွဆေးတွေကတော့ ၉၉၉ တံဆိပ်တွေဖြစ်ပြီး
ဝတောင်ပိုင်းထုတ် ဆေးတွေဖြစ်ကြောင်း ပြောပါတယ်။
အခုဆိုရင်
ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ရွှေကြိဂံဒေသကနေ လာနေတဲ့မူးယစ်ဆေးတွေနဲ့ ထိုင်းမြန်မာနယ်စပ်
ချင်းရိုင်ခရိုင်ထဲက လာတဲ့ စိတ်ကြွဆေး အလုံးရေပေါင်း ၇၅ သန်းထက်မနည်း ဒီလပိုင်းတွေအတွင်း
ခပ်စိတ်စိတ် ဖမ်းဆီးမိနေတာဖြစ်ကြောင်း၊ ဒါဟာ ထိုင်းအစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို
ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာ ဖြစ်သလို သက်ဆိုင်ရာနယ်မြေအလိုက် အာဏာပိုင်တွေက ပူးပေါင်း
ဆောင်ရွက်ကြတာကြောင့်လည်း အခုလို ဖမ်းဆီးနိုင်တာဖြစ်ကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက
သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားကြောင်း သိရှိရပါတယ်။
လေးစားစွာဖြင့်
နိုင်မြန်မာ
(သြစတြေလျှ)
Naing
Myanmar/ Australia
ကိုးကား Reference:
VOA News

No comments:
Post a Comment