ေျမာက္ကိုရီးယား
န်ူကလီယား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ကုလအစီအရင္ခံစာမွာ ေဖာ္ျပ
နဳိင္ငံတကာ၊
ၾသဂုတ္ ၄၊ ၂၀၁၈
ေျမာက္ကိုရီယားဟာ
ကုလသမဂၢရဲ့ ပိတ္ဆို့ အေရးယူမႈေတြကို ခ်ိုးေဖာက္ျပီး သူ့ရဲ့ န်ူကလီးယား လုပ္ငန္းစဉ္ေတြနဲ့
မစ္ဆိုင္းဒံုး အစီအစဉ္ေတြကို ရပ္နားထားတာ မရွိဘဲ ဆက္လက္လုပ္ေဆာင္ေနတယ္လို့ ကုလသမဂၢ
လံုျခံုေရးေကာင္စီရဲ့ အစီအရင္ခံစာမွာ ေဖာ္ျပထားေၾကာင္းသိရွိရပါတယ္။
စြမ္းအင္အျဖစ္
သံုးတဲ့ ေလာင္စာဆီေတြ တင္သြင္းနိုင္ဖို့အတြက္ လက္နက္ပစၥည္းေတြကို ျပင္ပနိုင္ငံေတြကို
ေရာင္းတဲ့နည္းလမ္းကို အားကိုးအားထားျပဳခဲ့ရတယ္လို့
ဆုိပါတယ္၊ လြတ္လပ္တဲ့ ကြ်မ္းက်င္သူေတြက
ျပဳစုေရးသားထားတဲ့ အစီအရင္ခံစာကို ကုလ လံုျခံဳေရးေကာင္စီက
ေသာၾကာေန့က တင္သြင္းခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဘက္ကေတာ့ ဒီအစီအရင္ခံစာနဲ့
ပတ္သက္လို့ တစံုတရာ မွတ္ခ်က္ေပးေျပာဆိုတာ မရွိေသးပါဘူး။
သမၼတ
ထရမ့္နဲ့ ေျမာက္ကိုရီးယားအျကား န်ူကလီးယား ေလွ်ာ့ခ်ေရး သေဘာတူခဲ့ေပမယ့္ ျပဳံးယမ္
အေနနဲ့ မစ္ဆိုင္းဒံုးအသစ္ တည္ေဆာက္မႈ လုပ္ေနတာကိုေတြ့ရတယ္လို့ အေမရိကန္ဘက္ကလည္း ျပီးခဲ့တဲ့အပတ္က
သတင္းထုတ္ျပန္ထားပါတယ္။ အေမရိကန္ ေထာက္လွမ္းေရး ျဂိုလ္တုဓာတ္ပံုေတြအရေတာ့
မစ္ဆိုင္းဒံုးေတြ ဆက္လက္ထုတ္လုပ္ေနတဲ့ ေနရာကိုေတြ့ရွိခဲ့တယ္လို့ အမည္မေဖာ္လိုတဲ့ အေမရိကန္အရာရွိက
ဝါရွင္တန္ပိုစ့္သတင္းကို ေျပာပါတယ္။
ေျမာက္ကိုရီးယားအေနနဲ့
သူ့ရဲ့ မစ္ဆိုင္း အစီအစဉ္ကို မရပ္ဘဲ ဆက္လုပ္ေနသလို လံုျခံုေရးေကာင္စီရဲ့ ဆံုးျဖတ္ခ်က္ေတြကိုလည္း
အာခံေနတယ္။ တရားမဝင္ သဘၤာေတြနဲ့ ေလာင္စာဆီေတြနဲ့ ေက်ာက္မီးေသြးေတြကို တင္ေဆာင္ေနတာလည္း
ေတြ့ရတယ္လို့ အစီအရင္ခံစာအေျကာင္း ေဖာ္ျပတဲ့ မီဒီယာအခ်ဳိ့ေရးသားထားပါတယ္။
ေျမာက္ကိုရီးယားအေပၚ
ခ်မွတ္ထားတဲ့ ဘ႑ဍာေရးဆိုင္ရာ ပိတ္ဆို့ အေရးယူမႈေတြဟာ ထိေရာက္မႈ မရွိဘူးလို့ အကဲခတ္ေတြက
ဆိုေၾကာင္းလည္း သတင္းမီဒီယာမ်ားေဖၚျပခ်က္မ်ားအရ
သိရွိရပါတယ္။
ေလးစားစြာျဖင့္
နဳိင္ျမန္မာ
(ၾသစေၾတလွ်)
Naing
Myanmar/ Australia
Unicode
မြောက်ကိုရီးယား နျူကလီယား ဆက်လက်လုပ်ဆောင်နေကြောင်း
ကုလအစီအရင်ခံစာမှာ ဖော်ပြ
နိုင်ငံတကာ၊ သြဂုတ် ၄၊ ၂၀၁၈
မြောက်ကိုရီယားဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့
အရေးယူမှုတွေကို ချိုးဖောက်ပြီး သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေနဲ့ မစ်ဆိုင်းဒုံး
အစီအစဉ်တွေကို ရပ်နားထားတာ မရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့
အစီအရင်ခံစာမှာ ဖော်ပြထားကြောင်းသိရှိရပါတယ်။
စွမ်းအင်အဖြစ် သုံးတဲ့ လောင်စာဆီတွေ
တင်သွင်းနိုင်ဖို့အတွက် လက်နက်ပစ္စည်းတွေကို ပြင်ပနိုင်ငံတွေကို ရောင်းတဲ့နည်းလမ်းကို
အားကိုးအားထားပြုခဲ့ရတယ်လို့ ဆိုပါတယ်၊ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေက ပြုစုရေးသားထားတဲ့
အစီအရင်ခံစာကို ကုလ လုံခြုံရေးကောင်စီက သောကြာနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့
ဒီအစီအရင်ခံစာနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။
သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားအကြား
နျူကလီးယား လျှော့ချရေး သဘောတူခဲ့ပေမယ့် ပြုံးယမ် အနေနဲ့ မစ်ဆိုင်းဒုံးအသစ် တည်ဆောက်မှု
လုပ်နေတာကိုတွေ့ရတယ်လို့ အမေရိကန်ဘက်ကလည်း ပြီးခဲ့တဲ့အပတ်က သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန် ထောက်လှမ်းရေး ဂြိုလ်တုဓာတ်ပုံတွေအရတော့ မစ်ဆိုင်းဒုံးတွေ ဆက်လက်ထုတ်လုပ်နေတဲ့
နေရာကိုတွေ့ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ဝါရှင်တန်ပိုစ့်သတင်းကို
ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ မစ်ဆိုင်း
အစီအစဉ်ကို မရပ်ဘဲ ဆက်လုပ်နေသလို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အာခံနေတယ်။
တရားမဝင် သင်္ဘာတွေနဲ့ လောင်စာဆီတွေနဲ့ ကျောက်မီးသွေးတွေကို တင်ဆောင်နေတာလည်း တွေ့ရတယ်လို့
အစီအရင်ခံစာအကြောင်း ဖော်ပြတဲ့ မီဒီယာအချို့ရေးသားထားပါတယ်။
မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့
ဘဏ္ဍဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေဟာ ထိရောက်မှု မရှိဘူးလို့ အကဲခတ်တွေက ဆိုကြောင်းလည်း
သတင်းမီဒီယာများဖေါ်ပြချက်များအရ သိရှိရပါတယ်။
လေးစားစွာဖြင့်
နိုင်မြန်မာ (သြစတြေလျှ)
Naing Myanmar/ Australia
http://truenewsworldwideblogger.blogspot.com/2018/08/blog-post_72.html
No comments:
Post a Comment