ဆားဘီးယားႏုိင္ငံ
အေနာက္ပိုင္းမွာ ႐ုရွားရဟတ္ယာဥ္ပ်က္က် လူ ၁၈ ဦးေသ
နဳိင္ငံတက၊
ၾသဂုတ္ ၄၊ ၂၀၁၈
ဆားဘီးယားႏုိင္ငံ
အေနာက္ပိုင္းမွာ ႐ုရွား ရဟတ္ယာဥ္ပ်က္က်လို႔ ၁၈ ဦး ေသဆုံးခဲ့တယ္လို႔ ႐ုရွား အရာရွိေတြက
ေျပာေၾကာင္း၊ ပ်က္က်သည့္ ႐ုရွားရဟတ္ယာဥ္မွာ
MI-8 ရဟတ္ယာဥ္အမ်ိဳးအစားျဖစ္ျပီး
ေဒသစံေတာ္ခ်ိန္ ၁၀ နာရီ မိနစ္ ၂၀မွာ ႐ုရွား ႏုိင္ငံ Igarka ၿမိဳ႕နဲ႔
၁၁၂ မိုင္အကြာမွာ ပ်က္က်သြားတယ္လို႔ ႐ုရွား အေရးေပၚ ကိစၥမ်ားဆုိင္ရာ ၀န္ႀကီးဌာနက
ေျပာေၾကာင္း BBC
သတင္းေဖၚျပခ်က္အရသိရွိရပါတယ္။
ရဟတ္ယာဥ္ေပၚပါလာတဲ့
ရဟတ္ယာဥ္ေမာင္းနဲ႔ ၀န္ထမ္း ၃ ဦး အပါအ၀င္ ခရီးသည္ ၁၅ ဦး ေသဆုံးသြား ေၾကာင္း၊
သတင္းေတြအရ ရဟတ္ယာဥ္က ဓာတ္ဆီဆိုင္ အလုပ္သမားေတြကို သယ္ေဆာင္ လာတာလုိ႔ သိရွိရၿပီး
ဒီကိစၥအေပၚ စုံစမ္း စစ္ေဆးမႈေတြ လုပ္ေဆာင္ေနေၾကာင္း၊ ရဟတ္ယာဥ္
ပ်ံအတက္မွာ ရဟတ္ယာဥ္ရဲ႕ ဒလက္ဟာ တျခား ကုန္တင္ ရဟတ္ယာဥ္တခုက တင္ေဆာင္ထားတဲ့ ကုန္ပစၥည္းတခုကို
သြားတုိက္မိတယ္လို႔ ကနဦး စစ္ေဆးမႈအရ သိရတယ္လို႔ သတင္းေတြက ေဖာ္ျပၾကေၾကာင္းသိရွိရပါတယ္။
ေလးစားစြာျဖင့္
နဳိင္ျမန္မာ
(ၾသစေၾတလွ်)
Naing
Myanmar/ Australia
ကုိးကား Reference: BBC
News
Unicode
ဆားဘီးယားနိုင်ငံ အနောက်ပိုင်းမှာ
ရုရှားရဟတ်ယာဉ်ပျက်ကျ လူ ၁၈ ဦးသေ
နိုင်ငံတက၊ သြဂုတ် ၄၊ ၂၀၁၈
ဆားဘီးယားနိုင်ငံ အနောက်ပိုင်းမှာ
ရုရှား ရဟတ်ယာဉ်ပျက်ကျလို့ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ရုရှား အရာရှိတွေက ပြောကြောင်း၊
ပျက်ကျသည့် ရုရှားရဟတ်ယာဉ်မှာ MI-8 ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၂၀မှာ ရုရှား နိုင်ငံ
Igarka မြို့နဲ့ ၁၁၂ မိုင်အကွာမှာ ပျက်ကျသွားတယ်လို့ ရုရှား အရေးပေါ်
ကိစ္စများဆိုင်ရာ ဝန်ကြီးဌာနက ပြောကြောင်း BBC သတင်းဖေါ်ပြချက်အရသိရှိရပါတယ်။
ရဟတ်ယာဉ်ပေါ်ပါလာတဲ့ ရဟတ်ယာဉ်မောင်းနဲ့
ဝန်ထမ်း ၃ ဦး အပါအဝင် ခရီးသည် ၁၅ ဦး သေဆုံးသွား ကြောင်း၊ သတင်းတွေအရ ရဟတ်ယာဉ်က ဓာတ်ဆီဆိုင်
အလုပ်သမားတွေကို သယ်ဆောင် လာတာလို့ သိရှိရပြီး ဒီကိစ္စအပေါ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း၊
ရဟတ်ယာဉ် ပျံအတက်မှာ ရဟတ်ယာဉ်ရဲ့ ဒလက်ဟာ တခြား ကုန်တင် ရဟတ်ယာဉ်တခုက တင်ဆောင်ထားတဲ့
ကုန်ပစ္စည်းတခုကို သွားတိုက်မိတယ်လို့ ကနဦး စစ်ဆေးမှုအရ သိရတယ်လို့ သတင်းတွေက ဖော်ပြကြကြောင်းသိရှိရပါတယ်။
လေးစားစွာဖြင့်
နိုင်မြန်မာ (သြစတြေလျှ)
Naing Myanmar/ Australia
ကိုးကား Reference: BBC News
No comments:
Post a Comment