ခ်ီလီနုိင္ငံမွာ
ပလတ္စတစ္အိတ္အသုံးမျပဳရန္ ဥပေဒျဖင့္ တားျမစ္
နဳိင္ငံတက၊
ၾသဂုတ္ ၄၊ ၂၀၁၈
ခ်ီလီနိုင္ငံမွာ
ေဈးဝယ္ ပလတ္စတစ္အိတ္ေတြကို အသံုးျပဳခြင့္ ဥပေဒနဲ့
တားျမစ္ ပိတ္ပင္လိုက္တာေၾကာင့္ ပလတ္စတစ္အိတ္
အသံုးျပဳတာကို ပထမဆံုး ပိတ္လိုက္တဲ့ ေတာင္အေမရိကနိုင္ငံ တခု ျဖစ္လာပါတယ္။
ခ်ီလီလွြတ္ေတာ္နဲ့
သမၼတ Sebastián Piñera တို့ အတည္ျပုလိုက္တဲ့
ဥပေဒသစ္က ပလတ္စတစ္အိတ္ အသံုးျပဳတာကို လံုးဝအဆံုးသတ္ဖို့အထိ အေျပာင္းအလဲ လုပ္ဖို့ ဆိုင္ငယ္ေလးေတြကို
၂ နွစ္ အခ်ိန္ေပးထားျပီး ဆိုင္ၾကီးေတြကိုေတာ့ ၆ လ အတြင္း ပလတ္စတစ္အိတ္ အသံုးျပဳတာကို
ရပ္တန့္ဖုိ့အခ်ိန္ေပးထားပါတယ္။
လက္ရွိအခ်ိန္မွာ
ေဈးဝယ္သူတဦးကို အမ်ားဆံုး ပလတ္စတစ္အိတ္ ၂ လံုးအထိပဲ အသံုးျပဳခြင့္
ေပးထာျပီး ဒီသတ္မွတ္ခ်က္ကို ခ်ိုးေဖာက္ရင္ ဒဏ္ေငြ ေဒၚလာ ၃၇၀ ေပးေဆာင္ရမွာ
ျဖစ္ပါတယ္။
အသစ္ျပ႒ဌာန္းလိုက္တဲ့
ဥပေဒက သန့္ရွင္းတဲ့ ခ်ီလီနိုင္ငံ ျဖစ္ဖို့ ေျခလွမ္းတရပ္ျဖစ္သလို ပစၥည္းေတြကို အသံုးျပဳျပီး
စြန့္ပစ္ရမယ္ ဆိုတဲ့ အေလ့အထကေန ျပန္လည္ အသံုးျပဳလို့ရတယ္ဆိုတဲ့
ယဉ္ေက်းမႈကို ျပုျပင္ေျပာင္းလဲ လိုက္တာလို့ ခ်ီလီ သမၼတ မစၥတာ Piñeraက
ေျပာေၾကာင္းသိရွိရပါတယ္။
ပလတ္စတစ္အိတ္
အသံုးျပဳတာကို တားျမစ္ဖို့ ဥပေဒကို အရင္ခ်ီလီ သမၼတေဟာင္း Michelle
Bachelet က အဆိုျပဳခဲ့တာ ျဖစ္ပါတယ္။
သမၼတေဟာင္း မစၥ Bachelet ဟာ ခ်ီလီနိုင္ငံ Patagonia
ေဒသမွာ ပလတ္စတစ္အသံုးျပဳတာကို တားျမစ္ခဲ့သူလည္း တဦးျဖစ္ေၾကာင္းသိရွိရပါတယ္။
တျခားေသာ
နိုင္ငံေတြကလည္း ပလတ္စတစ္ အသံုးျပဳတာကို ေလ်ာ့ခ်ဖို့
အေရးယူ ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ေနေၾကာင္းသိရွိရပါတယ္။ ၾသစေၾတလွ်နုိင္ငံမွာေတာ့
ေစ်းဝယ္စင္တာေတြကုိ ျပန္လည္အသုံးျပဳလုိ့မရတဲ့ ပလတ္စတစ္အိတ္ေတြအသုံးမျပဳဖုိ့
တားျမစ္လုိက္ျပီးျဖစ္ေၾကာင္းသိရွိရပါတယ္။
ပနားမားနိုင္ငံမွာ
ဇန္နဝါရီလက ပလတ္စတစ္အိတ္ အသံုးျပုတာကို တားျမစ္ဖို့ ဥပေဒကို အတည္ျပဳခဲ့ပါတယ္။
ဒီဥပေဒအရ နိုင္ငံမွာ ရွိတဲ့ စီးပြားေရး လုပ္ငန္းေတြက ၂၄ လ အခ်ိန္ယူျပီး ပလတ္စတစ္ အသံုးျပဳတာကို
ရပ္ဆိုင္းရမွာ ျဖစ္တယ္လုိ့လည္းသိရွိရပါတယ္။
၂၀၁၅
ခုနွစ္က အဂၤႅန္နိုင္ငံမွာ ေဈးဝယ္ဆင္တာမွာ ပစၥည္းဝယ္ရင္ ေဈးဝယ္သူေတြကို ပလတ္စတစ္ အိတ္ကို
အခမဲ့ မေပးဘဲ ၅ ပဲနိ (ျမန္မာက်ပ္ေငြ ၉၀ ခန့္) ေကာက္ခံခဲ့ေၾကာင္းသိရွိရပါတယ္။
ေလးစားစြာျဖင့္
နဳိင္ျမန္မာ (ၾသစေၾတလွ်)
Naing Myanmar/ Australia
ကုိးကား Reference: SBS
Australia and BBC News
Unicode
ချီလီနိုင်ငံမှာ ပလတ်စတစ်အိတ်အသုံးမပြုရန်
ဥပဒေဖြင့် တားမြစ်
နိုင်ငံတက၊ သြဂုတ် ၄၊ ၂၀၁၈
ချီလီနိုင်ငံမှာ ဈေးဝယ် ပလတ်စတစ်အိတ်တွေကို
အသုံးပြုခွင့် ဥပဒေနဲ့ တားမြစ် ပိတ်ပင်လိုက်တာကြောင့် ပလတ်စတစ်အိတ် အသုံးပြုတာကို ပထမဆုံး
ပိတ်လိုက်တဲ့ တောင်အမေရိကနိုင်ငံ တခု ဖြစ်လာပါတယ်။
ချီလီလွှတ်တော်နဲ့ သမ္မတ Sebastián
Piñera တို့ အတည်ပြုလိုက်တဲ့ ဥပဒေသစ်က
ပလတ်စတစ်အိတ် အသုံးပြုတာကို လုံးဝအဆုံးသတ်ဖို့အထိ အပြောင်းအလဲ လုပ်ဖို့ ဆိုင်ငယ်လေးတွေကို
၂ နှစ် အချိန်ပေးထားပြီး ဆိုင်ကြီးတွေကိုတော့ ၆ လ အတွင်း ပလတ်စတစ်အိတ် အသုံးပြုတာကို
ရပ်တန့်ဖို့အချိန်ပေးထားပါတယ်။
လက်ရှိအချိန်မှာ ဈေးဝယ်သူတဦးကို အများဆုံး
ပလတ်စတစ်အိတ် ၂ လုံးအထိပဲ အသုံးပြုခွင့် ပေးထာပြီး ဒီသတ်မှတ်ချက်ကို ချိုးဖောက်ရင်
ဒဏ်ငွေ ဒေါ်လာ ၃၇၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အသစ်ပြဋ္ဌဌာန်းလိုက်တဲ့ ဥပဒေက သန့်ရှင်းတဲ့
ချီလီနိုင်ငံ ဖြစ်ဖို့ ခြေလှမ်းတရပ်ဖြစ်သလို ပစ္စည်းတွေကို အသုံးပြုပြီး စွန့်ပစ်ရမယ်
ဆိုတဲ့ အလေ့အထကနေ ပြန်လည် အသုံးပြုလို့ရတယ်ဆိုတဲ့ ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲ လိုက်တာလို့
ချီလီ သမ္မတ မစ္စတာ Piñeraက ပြောကြောင်းသိရှိရပါတယ်။
ပလတ်စတစ်အိတ် အသုံးပြုတာကို တားမြစ်ဖို့
ဥပဒေကို အရင်ချီလီ သမ္မတဟောင်း Michelle
Bachelet က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း မစ္စ Bachelet
ဟာ ချီလီနိုင်ငံ Patagonia ဒေသမှာ ပလတ်စတစ်အသုံးပြုတာကို
တားမြစ်ခဲ့သူလည်း တဦးဖြစ်ကြောင်းသိရှိရပါတယ်။
တခြားသော နိုင်ငံတွေကလည်း ပလတ်စတစ်
အသုံးပြုတာကို လျော့ချဖို့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြောင်းသိရှိရပါတယ်။
သြစတြေလျှနိုင်ငံမှာတော့ ဈေးဝယ်စင်တာတွေကို ပြန်လည်အသုံးပြုလို့မရတဲ့ ပလတ်စတစ်အိတ်တွေအသုံးမပြုဖို့
တားမြစ်လိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။
ပနားမားနိုင်ငံမှာ ဇန်နဝါရီလက ပလတ်စတစ်အိတ်
အသုံးပြုတာကို တားမြစ်ဖို့ ဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအရ နိုင်ငံမှာ ရှိတဲ့ စီးပွားရေး
လုပ်ငန်းတွေက ၂၄ လ အချိန်ယူပြီး ပလတ်စတစ် အသုံးပြုတာကို ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့လည်းသိရှိရပါတယ်။
၂၀၁၅ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ ဈေးဝယ်ဆင်တာမှာ
ပစ္စည်းဝယ်ရင် ဈေးဝယ်သူတွေကို ပလတ်စတစ် အိတ်ကို အခမဲ့ မပေးဘဲ ၅ ပဲနိ (မြန်မာကျပ်ငွေ
၉၀ ခန့်) ကောက်ခံခဲ့ကြောင်းသိရှိရပါတယ်။
လေးစားစွာဖြင့်
နိုင်မြန်မာ (သြစတြေလျှ)
Naing Myanmar/ Australia
ကိုးကား Reference: SBS Australia and BBC
News

No comments:
Post a Comment