ျမန္မာ
ေရေဘးသင့္ေဒသေတြကုိ ကုလကူမည္ဟု သိရ
နဳိင္ငံတကာ၊
ဩဂုတ္ ၂၊ ၂၀၁၈
ျမန္မာႏိုင္ငံမွာ
မုတ္သုန္မုိးေၾကာင့္ ေရေဘးသင့္ေနတဲ့ ျပည္သူေတြကို ကယ္ဆယ္ ကူညီႏိုင္ဖုိ႔အတြက္ ကုလသမဂၢ
အဖြဲ႔အစည္းေတြက ျမန္မာအစိုးရနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ေျပာၾကားလုိက္ေၾကာင္း၊
လက္႐ွိအတုိင္းသာ မိုးဆက္ႀကီးေနမယ္ ဆိုရင္ေတာ့ လာမယ့္ရက္ပိုင္းအတြင္း အစာေရစာ
ျပတ္လပ္မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ေရေဘးသင့္ျပည္သူေတြက ေျပာေၾကာင္း၊
အေရွ႕ေတာင္အာ႐ွမွာ မုတ္သုန္မိုးေၾကာင့္ ေရႀကီးတဲ့ဒဏ္ခံရတာက ျမန္မာတႏိုင္ငံထဲေတာ့
မဟုတ္ေၾကာင္း၊ အိမ္နီးခ်င္း လာအိုႏိုင္ငံမွာဆိုရင္ ေရကာတာတခု က်ဳိးေပါက္သြားတာေၾကာင့္
ရြာအေတာ္မ်ားမ်ား ေမ်ာပါသြားသလို၊ ေသဆုံးေပ်ာက္ဆုံးေတြလည္း ရွိခဲ့ေၾကာင္း၊
အခုလို ေရေဘးသင့္ျပည္သူေတြရဲ႕ စားနပ္ရိကၡာနဲ႔ လယ္ယာေျမ ျပန္လည္ထူေထာင္ႏိုင္ေရး
အတြက္ဆိုၿပီး ကမၻာ့စားနပ္ရိကၡာနဲ႔ စိုက္ပ်ဳိးေရးအဖြဲ႔ (Food and
Agriculture Organization) FAO က ျမန္မာ၊ ဘဂၤလားေဒ့႐ွ္အပါအဝင္ ၈ ႏိုင္ငံကို အေမရိကန္ေဒၚလာ
သန္း ၁၂၀ ေပးကမ္း ကူညီသြားမယ္လို႔ နယူးေယာက္ ကုလ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခြင့္ရ
Farhan Haq ကေျပာၾကားသြားေၾကာင္း
တုိ့ကုိ ဗြီအုိေအ သတင္းေဖၚျပခ်က္မ်ားအရ သိရွိရပါတယ္။
ေလးစားစြာျဖင့္
နွင္းေမာင္
Unicode
မြန်မာ ရေဘေးသင့်ဒေသတွေကို ကုလကူမည်ဟု
သိရ
နိုင်ငံတကာ၊ ဩဂုတ် ၂၊ ၂၀၁၈
မြန်မာနိုင်ငံမှာ မုတ်သုန်မိုးကြောင့်
ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ကယ်ဆယ် ကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက မြန်မာအစိုးရနဲ့
အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ကြောင်း၊ လက်ရှိအတိုင်းသာ မိုးဆက်ကြီးနေမယ်
ဆိုရင်တော့ လာမယ့်ရက်ပိုင်းအတွင်း အစာရေစာ ပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့
ရေဘေးသင့်ပြည်သူတွေက ပြောကြောင်း၊ အရှေ့တောင်အာရှမှာ မုတ်သုန်မိုးကြောင့် ရေကြီးတဲ့ဒဏ်ခံရတာက
မြန်မာတနိုင်ငံထဲတော့ မဟုတ်ကြောင်း၊ အိမ်နီးချင်း လာအိုနိုင်ငံမှာဆိုရင် ရေကာတာတခု
ကျိုးပေါက်သွားတာကြောင့် ရွာအတော်များများ မျောပါသွားသလို၊ သေဆုံးပျောက်ဆုံးတွေလည်း
ရှိခဲ့ကြောင်း၊ အခုလို ရေဘေးသင့်ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာမြေ ပြန်လည်ထူထောင်နိုင်ရေး
အတွက်ဆိုပြီး ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization) FAO က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် ၈ နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ပေးကမ်း
ကူညီသွားမယ်လို့ နယူးယောက် ကုလ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Farhan
Haq ကပြောကြားသွားကြောင်း တို့ကို ဗွီအိုအေ သတင်းဖေါ်ပြချက်များအရ သိရှိရပါတယ်။
လေးစားစွာဖြင့်
နှင်းမောင်
No comments:
Post a Comment