အစွန်းရောက်
မွတ်စလင် တိုက်ဖျက်ရေး ထိပ်သီးတွေပူးပေါင်း ခဲ့ကြောင်း လွတ်လပ်တဲ့ အာရှအသံ Facebook စာမျက်နှာတွင်
ယနေ့ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
၎င်း၏ ဖေါ်ပြချက် အပြည့်အစုံမှာ
----
G7 ခေါ် ဖွံဖြိုးပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံ ၇ နိုင်ငံနဲ့ ကွန်ပြူတာဆက်သွယ်ရေးနည်းပညာဆိုင်ရာ
ကမ္ဘာကျော်ကုမ္ပဏီတွေဖြစ်ကြတဲ့ Google၊ Facebook နဲ့ Twitter တို့ပူးပေါင်းပြီး အစွန်းရောက် အစ္စလာမ်ဝါဒီတွေရဲ့
အင်တာနက်သုံးစွဲမှုတွေကို ချေမှုန်းပိတ်ဆို့ဖို့ မနေ့က သဘောတူလိုက်ပါတယ်။
အီတလီနိုင်ငံမှာ
ကျင်းပတဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ အင်တာနက်ကနေ
လူသစ် စုဆောင်းခြင်း၊ အကြမ်းဖက်နည်းပညာတွေ သင်ကြားပို့ချခြင်းနဲ့ အစွန်းရောက်ဝါဒ ဖြန့်ချိခြင်းတွေကို
ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန် ကာကွယ်တားဆီးဖို့လိုကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့
ထိပ်သီးနိုင်ငံကိုယ်စားလှယ်တွေက ပြောပါတယ်။
မနေ့က
အစည်းအဝေးကို ထိပ်သီးနိုင်ငံ ၇ ခုဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမဏီ၊
အီတလီနဲ့ ဂျပန်နိုင်ငံတွေက ဝန်ကြီးတွေ တက်ရောက်ပါတယ်။ ညီလာခံ ကာလအတွင်း အမေရိကန် ပြည်ထောင်စု
အမိမြေ လုံခြုံရေးဝန်ကြီး နဲ့ အီတလီ ပြည်ထဲရေးဝန်ကြီးတို့ က နိုင်ငံရေးခိုလှုံခွင့်ကို
အသုံးချပြီး အကြမ်းဖက်သမားတွေ ဝင်ရောက်နိုင်မှုကို ကာကွယ်ဖို့အတွက် လိုအပ်သလို လက်ဗွေပုံစံတွေ
အပြန်အလှန်ဖလှယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
This article first appears in လွတ်လပ်တဲ့ အာရှအသံ news on October 21, 2017 of လွတ်လပ်တဲ့
အာရှအသံ Facebook Page.
We acknowledged © of လွတ်လပ်တဲ့ အာရှအသံ and thus full credit given to လွတ်လပ်တဲ့
အာရှအသံ.
We are non-profits volunteers and
we only retrieved this news to support all communities from Myanmar who do not
know how to get access the news and have no luxuries Medias and only have a
phone in theirs hands.
Reference Link:
https://www.facebook.com/rfaburmese/
Retrieved Date: 21/10/2017
No comments:
Post a Comment