Friday, September 29, 2017

ေျမာက္ကိုရီးယား ကုမၸဏီလုပ္ငန္းေတြ ပိတ္ဖို့ တရုတ္ အစိုးရက အမိန့္ထုတ္



နုိင္ငံတကာ၊ စက္တင္ဘာ ၂၈၊ ၂၀၁၇

တရုတ္နိုင္ငံမွာ စီးပြားေရး လုပ္ေနျကတဲ့ ေျမာက္ကိုရီးယား ကုမၸဏီေတြကို ဇန္နဝါရီလ မွာ အျပီး ပိတ္သိမ္းဖို့ တရုတ္ အစိုးရက အမိန့္ေပးလိုက္ပါတယ္။

ဒါက ကုလသမဂၢ က ခ်မွတ္ ထားတဲ့ ေျမာက္ကိုရီးယားနိုင္ငံအေပၚ အေရးယူ ပိတ္ဆို့မႈ အသစ္ေတြ ခ်မွတ္ ေရးကို တရုတ္ ဘက္က လိုက္နာ ေဆာင္ရြက္ လာတာ ျဖစ္ပါတယ္။

တရုတ္ ကုမၸဏီေတြ ေျမာက္ကိုရီးယားနဲ့ ဖက္စပ္လုပ္ေနတာကိုလည္း ရပ္ခိုင္းမယ္လို့ တရုတ္ ကူးသန္းေရာင္းဝယ္ေရး ဝန္ျကီးဌာနက ဆိုပါတယ္။

တရုတ္ဟာ ေျမာက္ကိုရီးယားရဲ့ အဓိက ကုန္သြယ္ဘက္ ျဖစ္လို့ ဒီပိတ္ဆို့မႈေတြေျကာင့္ ေျမာက္ကိုရီးယား စီးပြားေရး ပိုဆိုးလာနိုင္ပါတယ္။

အခုလို တရုတ္ နိုင္ငံ ဘက္ က အေရးယူမႈ ဟာ ေျမာက္ကိုရီးယား နိုင္ငံ အေပၚ နိုင္ငံေပါင္းစံုကေန ေျခာက္ျကိမ္ ေျမာက္ ပိတ္ဆို့ အေရး ယူမႈ ျဖစ္လာပါျပီ။

စက္တင္ဘာလ ၁၁ ရက္ေန့ က က်င္းပ ခဲ့တဲ့ ကုလသမဂၢ လံုျခံုေရး ေကာင္စီ အစည္းအေဝးမွာ ေျမာက္ကိုရီးယားကို ပိတ္ဆို့ အေရးယူမႈ အသစ္ေတြ ခ်မွတ္ဖို့ နိုင္ငံအားလံုး က တညီတညွြတ္ထဲ သေဘာတူညီ ခဲ့ျကတာ ျဖစ္ပါတယ္။

Unicode
မြောက်ကိုရီးယား လုပ်ငန်းတွေ ပိတ်ဖို့ တရုတ် အစိုးရက အမိန့်ထုတ်

တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်နေကြတဲ့ မြောက်ကိုရီးယား ကုမ္ပဏီတွေကို ဇန်နဝါရီလ မှာ အပြီး ပိတ်သိမ်းဖို့ တရုတ် အစိုးရက အမိန့်ပေးလိုက်ပါတယ်။

ဒါက ကုလသမဂ္ဂ က ချမှတ် ထားတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ် ရေးကို တရုတ် ဘက်က လိုက်နာ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

တရုတ် ကုမ္ပဏီတွေ မြောက်ကိုရီးယားနဲ့ ဖက်စပ်လုပ်နေတာကိုလည်း ရပ်ခိုင်းမယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဘက် ဖြစ်လို့ ဒီပိတ်ဆို့မှုတွေကြောင့် မြောက်ကိုရီးယား စီးပွားရေး ပိုဆိုးလာနိုင်ပါတယ်။

အခုလို တရုတ် နိုင်ငံ ဘက် က အရေးယူမှု ဟာ မြောက်ကိုရီးယား နိုင်ငံ အပေါ် နိုင်ငံပေါင်းစုံကနေ ခြောက်ကြိမ် မြောက် ပိတ်ဆို့ အရေး ယူမှု ဖြစ်လာပါပြီ။

စက်တင်ဘာလ ၁၁ ရက်နေ့ က ကျင်းပ ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်ဖို့ နိုင်ငံအားလုံး က တညီတညွှတ်ထဲ သဘောတူညီ ခဲ့ကြတာ ဖြစ်ပါတယ်။

This article first appeared in ဘီဘီစီျမန္မာပိုင္း news on Friday, September 29, 2017 of ဘီဘီစီျမန္မာပိုင္း Website.
We acknowledged © of ဘီဘီစီျမန္မာပိုင္း and thus full credit given to ဘီဘီစီျမန္မာပိုင္း.

We are non-profits volunteers and we only retrieved this news to support all communities in Myanmar who do not have luxuries Medias and only have a phone in theirs hands. 

Reference Link: http://www.bbc.com/burmese/world-41431008?ocid=socialflow_facebook

Retrieved Date: Friday, September 29, 2017

No comments:

Post a Comment

နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသားတဦး

ႏိုင္းပရဆစ္ ဆုိသူ ထုိင္းအမ်ိဳးသား နာမည္ႀကီးေနတဲ့ မိန္းမ ၁၂၀ ယူခဲ့ျပီး ကေလး ၂၈ ေယာက္ရွိတဲ့ အမ်ိဳးသား တဦး ထုိင္း နဳိင္ငံ...