တရုတ်ပြည်ထဲမှာရှိကြတဲ့
မြောက်ကိုရီးယား ကုမ္ပဏီတွေ ဖက်စပ်လုပ်ငန်းတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်
ပိတ်ဆို့မှုတွေချလိုက်တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ရက်ပေါင်း ၁၂၀ အတွင်းပိတ်ဖို့ ညွှန်ကြားထားပြီလို့
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားကြောင်းသတင်းရရှိပါတယ်။
နိုင်ငံရပ်ခြားမှာရှိတဲ့
တရုတ်- မြောက်ကိုရီးယား ဖက်စပ်လုပ်ငန်းတွေကိုလည်း အလားတူပိတ်မယ်လို့ လည်း ဆိုပါတယ်။
မြောက်ကိုရီးယားက
နျူးကလီးယား လက်နက်သယ်ဆောင်နိုင်တဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုတွေ အခါခါလုပ်ခဲ့တဲ့အတွက်ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချလိုက်တာ ဖြစ်ပါတယ်။
This
article first appeared on RFA Burmese news on Thursday, September 28, 2017 of RFA
Burmese Facebook.
We
acknowledged © of RFA Burmese news and thus full credit
given to RFA Burmese news.
We are non-profits
volunteers and we only retrieved this news to support all Burmese communities
who do not have luxuries Medias and only have a phone in theirs hands.
Reference
Link: https://www.facebook.com/rfaburmese/
Retrieved
Date: Thursday, September 28, 2017
No comments:
Post a Comment