နိုင်ငံတကာ၊
စက်တင်ဘာ ၁၆၊
၂၀၁၇
လန်ဒန်ဗုံးခွဲမှုနဲ့
ပတ်သက်တဲ့ ၁၈ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်း
Facebook စာမျက်နှာတွင် ယနေ့ ဖေါ်ပြထားပါတယ်။
ဖေါ်ပြချက် အပြည့်အစုံမှာ-
လန်ဒန်ဗုံခွဲမှုမှာ
အကြမ်းဖက်အဖြစ် သံသယရှိခြင်းခံရသူ ၁၈ အရွက်အမျိုးသား တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
အင်္ဂလန်အရှေ့ပိုင်းက
ဒိုဗာမြို့မှာ ကင့်ဒေသ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိမှု
ရှိနေပေမဲ့ အကြမ်းဖက်မှုအတွက် ခြိမ်းခြောက်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်တဲ့
နေလ်းဘာဆူက ပြောပါတယ်။
ရထားပေါ်မှာ
ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၃၀ လောက်ဟာ ဒဏ်ရာရခဲ့ပါတယ်။
လူအများစုဟာ
အသေးစားဒဏ်ရာတွေဖြစ်တဲ့အတွက် ဆေးရုံကနေဆင်းလာခဲ့ပြီဖြစ်ပြီး ၃ ဦးသာ ဆေးရုံမှာ ဆက်လက်ကျန်ရှိနေပါတယ်။
ဒီတိုက်ခိုက်မှုဟာ
အိုင်အက်စ် အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်က ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးဆဲဖြစ်တဲ့အတွက်
အသေးစိပ်ကိုတော့ ရဲတပ်ဖွဲ့က ပြောမပြနိုင်သေးဘူးလို့ ဆိုထားပါတယ်။
News Credit to: BBC ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ-
PA
Reference Link: https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/1525111317544748/?type=3&theater

No comments:
Post a Comment