whatthekpop Image
ဖေဖော်ဝါရီ
၉၊ ၂၀၁၈
တောင်ကိုရီးယား
ပေါ့ပ်အဆိုတော် Baek
အသက်
မင်းသား
Jung ဟာ
References;
Unicode
မူးယစ်ဆေးဝါး
သုံးစွဲမှုဖြင့် ကိုရီးယားမင်းသား Jung
Suk-won ဖမ်းဆီးခံရ
တောင်ကိုရီးယား
ပေါ့ပ်အဆိုတော် Baek
Ji-young ရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Jung Suk-won ကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောကြားလိုက်ကြောင်း whatthekpop.com သတင်းအရ သိရှိရ ပါတယ်။
အသက် ၃၃
နှစ်အရွယ်၊ မင်းသား Jung ဟာ သြစတေးလျးနိုင်ငံမှာရှိတဲ့ အရက်ဆိုင်တခုမှာ စိတ်ကြွ မူးယစ်ဆေးသုံးစွဲနေတာကို
တွေ့ရှိခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်း၊ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း
နိုင်ငံတကာလေဆိပ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ Seoul
Metropolitan ရဲတပ်ဖွဲ့အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်ကိုတော့
ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ရဲတပ်ဖွဲ့ရဲ့
အဆိုအရ “မင်းသား
Jung ရဲ့ နိုင်ငံခြားခရီးစဉ်အတွင်းမှာ မူးယစ်ဆေးသုံးစွဲခဲ့တာ
ဖြစ်နိုင်ချေရှိတယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတခုကို ရရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်တယ်”လို့ဆိုပါတယ်။ မင်းသား Jung အနေနဲ့ မူးယစ်ဆေးသုံးခဲ့တယ်လို့
ဝန်ခံထားပြီလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ မင်းသားနဲ့အတူ ကြံရာပါတွေ ရှိ၊ မရှိ
ဆိုတာနဲ့ အဲဒီတရားမဝင်ဆေးဝါးကို ဘယ်လိုကိုင်ဆောင်ရရှိခဲ့လဲ ဆိုတာကို ယနေ့၊ ဖေဖော်ဝါရီလ
၉ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေး
မေးမြန်းမှုပြီးရင်တော့ “ဖမ်းဝရမ်း ထုတ်မယ်၊ မထုတ်ဘူး” ဆိုတာကို ဆုံးဖြတ်မယ်လို့
ရဲတပ်ဖွဲ့က ပြောပါတယ်။ မင်းသား Jung ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူရဲတပ်ဖွဲ့ထံကနေ
စစ်ဆေးမေးမြန်းချက် ရလာဒ် ရရှိပြီးတဲ့အခါ ယခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ကြေညာချက်တခု မကြာခင်
ထုတ်ဖို့ရှိတယ်လို့ မင်းသားရဲ့ အေဂျင်စီက ပြောပါတယ်။
မင်းသား
Jung ဟာ သူ့ရဲ့
အနုပညာလုပ်ငန်းကို စတန့်သမားတဦးအနေနဲ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီကနေ မော်ဒယ်အဖြစ် ရောက်ရှိလာပြီး
ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်မင်းသားအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယား
ပေါ့ပ်အဆိုတော် Baek နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။
References;
Yonhapnews and whatthekpop.com
http://www.whatthekpop.com/2018/02/08/actor-jung-suk-won-arrested-on-drug-charges/
whatthekpop.com
၏ ဖေါ်ပြချက်
Actor
Jung Suk Won, husband of famous singer Baek Ji Young, has been arrested on drug
charges.
On
February 9th KST, the Seoul Metropolitan Police Agency announced that Jung Suk
Won had been arrested on February 8th at the Incheon airport on drug charges.
He is currently under investigation.
The
actor reportedly used Philopon, a form of methamphetamine, while on vacation in
Australia. As a result and in concordance with Korean laws about being able to
arrest citizens who do drugs abroad, the actor was arrested upon returning to
Korea.
His
label made a statement that confirmed he is currently under investigation to
see whether he used drugs while drinking with a friend in Australia. They went
on to ask people not to make speculative reports and also added that they would
make a full statement after the investigation and police findings are revealed.
A source
from within the police agency shared that the actor was reportedly tested for
drugs with the results being positive. In addition, it was reported that Jung
Suk Won has admitted to some of the drug charges. However, there has been no official
word from police yet on any of these details.
Jung Suk
Won started his career as a stuntman before turning to modeling and acting. He
is known for his roles in dramas such as “Mr. Baek” and movies such as “R2B:
Return to Base.” He and his wife were married in 2013.
Meanwhile,
Ms. Baek Ji Young is scheduled for a concert tomorrow. However, her team is
currently discussing whether to cancel it or not.
Stay
tuned for more details as they become available.

No comments:
Post a Comment