တရုတ်
ပင်လယ်ပြင် ရေခဲသွား၍ အန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း လှတောသား Daily News တွင် ၃၁၊ ၀၁။၂၀၁၈ နေစွဲဖြင့် ဖေါ်ပြထားပါတယ်။
ဘေကျင်း၊
ဇန်န၀ါရီ – ၃၁
တရုတ်နိုင်ငံ
အရှေ့မြောက်ဘက် လျိုတုန်းကမ်းခြေရှိ ပင်လယ်ပြင်ရဲ့ ထက်ဝက်ပမာဏနီးပါးမှာ
ရေခဲများအဖြစ် ကူးပြောင်းသွားတာကြောင့် သဘာဝဘေးအန္တရာယ် သတိပေးချက်
ထုတ်ပြန်ထားကြောင်း ဇန်န၀ါရီ ၃၁ CGTN
သတင်းမှာ ဖော်ပြထားပါတယ်။
လျိုတုန်းကမ်းခြေရဲ့
အပူချိန်ကျဆင်းမှုဟာ အန္တရာယ်ရှိတဲ့ အနေအထားကို စတင်ရောက်ရှိလာခဲ့ပြီလို့ သိရကြောင်း၊ ပင်လယ်ပြင်
ရေခဲချပ်ကြီးရဲ့ ဧရိယာအကျယ်မှာ ၁၅,၀၀၀ စတုရန်းကီလိုမီတာ
ရှိကြောင်း တရုတ်နိုင်ငံ မြောက်ပိုင်း ပင်လယ်ပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးဋ္ဌာနက
ထုတ်ပြန်ခဲ့ကြောင်း၊ ဒီအကျယ်အ၀န်းဟာ ကမ်းခြေတစ်လျှောက်
ပင်လယ်ပြင်ရဲ့ စုစုပေါင်း ၄၉ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်းတို့ကို ဖေါ်ပြထားပါတယ်။
ထို့ပြင်
ကမ်းခြေမှာ ရပ်တန့်ထားတဲ့ ငါးဖမ်းလှေများ၊ သင်္ဘောများမှာလည်း
ရေခဲပြင်မှာ နစ်မြုပ်ကပ်တွယ်လျက် ရှိပါကြောင်း၊ ပြီးခဲ့တဲ့
သောကြာနေ့က စတင်ပြီး တရုတ် ပင်လယ်ပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးဋ္ဌာနက
အပြာရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါကြောင်း၊ တရုတ်နိုင်ငံ
မိုးလေ၀သနဲ့ သဘာဝဘေး သတိပေးစနစ် အဆင့်လေးဆင့်အနက် အပြာရောင်အဆင့်ဟာ
အနိမ့်ဆုံးဖြစ်ပြီး အန္တရာယ်ရှိနေပြီဖြစ်ကြောင်း စတင်သတိပေးလိုက်ခြင်းလည်း ဖြစ်ပါကြောင်း၊
စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဒေသတွင်း ကမ်းခြေမြို့များကို စေလွှတ်လျက်
အခြေခံအဆောက်အဦး ပျက်ဆီးဆုံးရှုံးမှုများ ပေါ်ပေါက်နိုင်ချေ ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း
သိရပါကြောင်းတို့ကိုလည်း ဖေါ်ပြလားပါတယ်။
Reference:
လှတောသား Daily News



No comments:
Post a Comment